News

POST TYPE

NEWS

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်လက်ဝယ်ရှိ မြေနှင့် အဆောက်အအုံများ တင်ဒါစနစ်ဖြင့်ရောင်းမည်
10-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၁၀

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်လက်ဝယ်ရှိ ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီးရှိ မြေ၊ အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက်စုစုပေါင်း ၂၅ ခုကို တင်ဒါစနစ်ဖြင့်ရောင်းချရန် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း အဆိုပါကော်မရှင်ထံမှ သိရသည်။

တင်ဒါစနစ်ဖြင့်ရောင်းချမည့် အမျိုးအစားများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် တောင်ဥက္လကာပမြို့နယ်၊ ငွေကြာရံပါရမီရပ်ကွက်ရှိ မြေ သုည ဒသမ ၁၄၄ ဧက၊ လှိုင်သာယာမြို့နယ်၊ ၁၈ ရပ်ကွက်ရှိ မြေ သုည ဒသမ ၂၇၅ ဧက၊ မြေ သုည ဒသမ ဝ၂၇၅၊ ၂၀ ရပ်ကွက်ရှိ သုည ဒသမ သ၃၄ ဧက၊ မြေ သုည ဒသမ ဝ၂၇၅ ဧက၊ ပဒေသာပင်မြို့တော် FMI အိမ်ရာရှိ မြေ သုည ဒသမ ဝ၅၅ ဧက၊ မြေ သုည ဒသမ ၁၃၁ ဧက၊ နဝဒေးအိမ်ရာရှိ မြေ သုည ဒသမ ဝ၈၃ ဧက၊ တောင်ဥက္ကလာပမြို့နယ်ရှိ သုည ဒသမ ဝ၃၉ ဧက၊ ရွှေပြည်သာမြို့နယ်ရှိ မြေ သုည ဒသမ ၃၃၀ ဧက၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးစေတီလမ်းရှိ ဆိုင်ခန်း ၃၆၂ စတုရန်းပေ၊ တိုက်ခန်း ၁၅၆၅ စတုရန်းပေ၊ တိုက်ခန်း ၉၁၆၀၈ စတုရန်းပေ၊ မြေညီထပ်တိုက်ခန်း၊ ၁၃၂၂ စတုရန်း ပေ၊ မြေညီထပ်တိုက်ခန်း၊ ၁၃၂၂ စတုရန်းပေ၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ဆွန်ပက်လမ်းရှိ မြေညီထပ်အခန်း၊ ၁၅၀၀ စတုရန်းပေ၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းပလာဇာရှိ ပထမထပ်ဆိုင်ခန်း ၂ ခန်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ မြေ ဝ ဒသမ ဝ၂၇၅ ဧက များကို ရောင်းချသွားမည်ဟု အဆိုပါကော်မရှင်ထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မြေ သုည ဒသမ ဝ၅၅၁ ဧက၊ မိုးကုတ်မြို့နယ်ရှိ မြေ သုည ဒသမ ၅၁၄ ဧကနှင့် သိုလှောင်ရုံ ၁ လုံး အကျယ် သုည ဒသမ ၅၁၄ ဧက၊ ချမ်းအေးသာစံအလယ်ရပ်ကွက်၊ တိုက်ခန်း ၇၂၀ စတုရန်းပေ၊ ချမ်းအေးသာစံမြို့နယ်ရှိ သုည ဒသမ ဝ၃၅၅ ဧကနှင့် သုည ဒသမ ၅၆၂၅ ဧကရှိမြေနှင့် အဆောက်အအုံများပါဝင်ကြောင်း ပုဂ္ဂလိကပြုလုပ်ရေးကော်မရှင်ထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် ညောင်လေးပင်မြို့၊ မြို့မ ၃ ရပ်ကွက်၊ ဈေးအရှေ့လမ်းရှိ မြေတိုင်းရပ်ကွက် ၉၊ ဦးပိုင်အမှတ် ၄၃ က၊ (ပဆ- ၁၄/၁၆၈၃)၊ မြေညီထပ်အခန်း ၁၁၄၄ စတုရန်းပေ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တပင်ရွှေထီးရပ်ကွက်၊ ၃/ရဝေရှင်ထွေးအနောက်၊ ဦးပိုင် ၂၃၅၊ မြေ သုည ဒသမ ဝ၅ ဧကတို့ကို ရောင်းချသွားမည်ဟု ယင်းကော်မရှင်မှ သိရသည်။

တင်ဒါပုံစံများကို ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ရုံး၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာန၊ ရုံးအမှတ် ၃၂၊ နေပြည်တော်တွင် တင်သွင်းနိုင်ပြီး စပေါ်ငွေသွင်းရမည့် တန်ဖိုးများကို အဆိုပြုလွှာဝယ်ယူသည့်အခါတွင် တစ်ခါတည်းဖော်ပြပေးရမည်ဖြစ်ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ တင်ပြရမည်ဟု ယင်းကော်မရှင်ထံမှ သိရသည်။

ဝယ်ယူလိုတင်ဒါများကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ပြီး မြေနှင့် အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက်များကို သွားရောက်ကြည့်ရှု၍ ဝယ်ယူနိုင်ကြောင်း အဆိုပါကော်မရှင်က ကြေညာထားသည်။

ပြည့်ဖြိုးမြင့်မွန်