News

POST TYPE

NEWS

ကောင်းမှုတော်စေတီ မီးပုံးပျံလွှတ်တင်ပူဇော်မည်
10-Nov-2019


မန္တလေး၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းမြို့ ရာဇဏိစူဠာ ကောင်းမှုတော်တန်ဆောင်တိုင်ပွဲတော်တွင် ဒုတိယအကြိမ် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ၌ ၈ လုံး လွှတ်တင်ပူဇော်မည်ဖြစ်ကြောင်း ကောင်းမှုတော်စေတီဂေါပကအဖွဲ့ထံမှ သိရသည်။

ယင်းသို့ လွှတ်တင်ရာတွင် တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ညတွင် မီးပုံးပျံ ၄ လုံး၊ တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာလ ၁၁ ရက်နေ့ညတွင် မီးပုံးပျံ ၄ လုံး လွှတ်တင်ပူဇော်မည်ဖြစ်ပြီး မီးပုံးပျံလွှတ်တင်ပူဇော်ပွဲရက် ညများတွင် မိုးသောက်နှင်း တေးဂီတနှင့်တွဲဖက်၍ အဆိုတော် သန်းထိုက်စိုး၊ ခင်ပိုးပန်းချီ၊ အေးစိုးထိုက်တို့ဖြင့်လည်းကောင်း၊ တိုင်းရင်းသားရိုးရာ အကအလှများဖြင့်လည်းကောင်း ဧည့်ခံဖျော်ဖြေမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းမြို့ ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီးကို သက္ကရာဇ် ၉၉၈ ခုနှစ်တွင် သီရိသုဓမ္မရာဇာ မဟာဓိပတိ သာလွန်မင်းတရားကြီးက စတင်တည်ထားခဲ့ပြီး သက္ကရာဇ် ၁၀၁၂ ခုနှစ်တွင် ပြီးစီးခဲ့သည်။

ယင်းစေတီတော်ကြီးကို မူလက အဖြူရောင်ထုံးသင်္ကန်းဖြင့် ကပ်လှူပူဇော်ခဲ့ပြီး နှစ်ပေါင်းများစွာ အဖြူရောင်အတိုင်း ရှိနေခဲ့ရာမှ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလတွင် အဖြူရောင်မှ ရွှေရောင်သင်္ကန်းကို ကပ်လှူပူဇော်ခဲ့သည်။

ယင်းနောက် ကောင်းမှုတော်စေတီတော်ကြီးကို ၂၀၁၉ ခုနှစ်အတွင်းတွင် ရွှေရောင်သင်္ကန်းမှ အဖြူရောင်ဆေးသင်္ကန်းသို့ ပြောင်းလဲကပ်လှူထားရှိသည်။

M-01