News

POST TYPE

NEWS

အိမ်ထောင်ရှိ အမျိုးသားက တက္ကသိုလ်ကျောင်းသူကို ခိုးပြေး
07-Nov-2019
တောင်ငူ၊ နိုဝင်ဘာ ၇

ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးကျေးရွာအုပ်စု ကင်မွန်းခြုံကျေးရွာနေ တက္ကသိုလ်ကျောင်းသူကို အိမ်ထောင်ရှိအမျိုးသားတစ်ဦးက ခိုးပြေးခဲ့သဖြင့် နိုဝင်ဘာလ ၆ ရက်၊ နံနက်ပိုင်းက အမှုဖွင့်ထားကြောင်း ဇရပ်ကြီးနယ်မြေရဲစခန်းထံမှ သိရသည်။

အဆိုပါကျောင်းသူသည် တောင်တက္ကသိုလ် အဝေးသင်ပထမနှစ်တက်ရန် တောင်ငူတွင်နေထိုင်နေစဉ် နိုဝင်ဘာ ၅ ရက်၊ ည ၈ နာရီခန့်တွင် အင်ကြင်းကုန်းရွာနေ ကိုဖြိုးမင်းထွန်းဆိုသူက ခိုးယူပေါင်းသင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

“ခိုးပြေးတဲ့ အမျိူသားရဲ့မိန်းမက ကောင်မလေးနေတဲ့ ကင်ပွန်းခြုံက မိဘတွေဆီသွား အသိပေးတော့မှ ခိုးပြေးတာသိရတာပါ။ ကောင်မလေးက တောင်ငူမှာ အဝေးသင် ခုနှစ်စတက်လို့ အဆောင်မှာနေတာပါ” ဟု ယင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

အမှုနှင့်ပတ်သက်ပြီး ဖြိုးမင်းထွန်း(ခ)ကိုဖြိုးကို ဇရပ်ကြီးနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၆၃ အရ အမှုဖွင့်လှစ်ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-15