News

POST TYPE

NEWS

ဗစ်တိုးရီးယားအမှုမှ သံသယတရားခံ အောင်ကြီး အာမခံလျှောက်ထားမှု ပယ်ချခံရ
23-Oct-2019
ရန်ကုန်၊ အောက်တိုဘာ ၂၃

လူအများစိတ်ဝင်စားနေသည့် ဗစ်တိုးရီးယားအမှုမှ သံသယတရားခံအဖြစ် ဖမ်းဆီးစစ်ဆေးနေရသူ အောင်ကြီးဘက်မှ အာမခံ လျှောက်ထားမှုကို ဒက္ခိဏခရိုင်တရားရုံးက ပယ်ချလိုက်သည်။

အောင်ကြီးအပေါ် စွဲဆိုထားသည့် ပြစ်မှုပုဒ်မမှာ ကြီးလေးသည့်ပြစ်ဒဏ်ချမှတ်နိုင်သည့်အပြင် အာမခံ လျှောက်ထားမှုမှာလည်း ခိုင်လုံသည့် အကြောင်းပြချက် တင်ပြနိုင်ခြင်းမရှိသောကြောင့် အာမခံလျှောက်ထားမှုကို ပယ်ချလိုက်ခြင်းဖြစ်ကြောင်း တရားသူကြီးက ပြောကြားခဲ့သည်။

ဗစ်တိုးရီးယားအမှု၏ ကိုးကြိမ်မြောက်ရုံးချိန်းတွင် တရားလိုပြသက်သေများကို စစ်ဆေးခဲ့ရာ၌ Wisdom Hill မူကြိုကျောင်းမှ ကျောင်းဆရာမတစ်ဦးဖြစ်သူ ဒေါ်နီလာအေးက အောင်ကြီးမှာ လိင်အကြမ်းဖက်မှုကို ကျူးလွန်ခဲ့ခြင်း မရှိကြောင်း တရားရုံး၌ ထွက်ဆိုသွားသည်။

ယင်းထွက်ဆိုချက်နှင့်ပတ်သက်၍ ဥပဒေအရာရှိက မေးမြန်းခဲ့ရာတွင် ဒေါ်နီလာအေးမှ ကျောင်းသို့ အောင်ကြီး ရောက်လာချိန်၌ ဗစ်တိုးရီးယားလေးမှာ ၎င်းနှင့်အတူ ရှိနေခဲ့ကြောင်းနှင့် ကျောင်းခန်းအရှေ့ရှိ ဆိုဖာထိုင်ခုံတွင် အောင်ကြီးထိုင်နေသည်ကို ၎င်းမြင်တွေ့ခဲ့ကြောင်း ဖြေကြားခဲ့သည်။

ဗစ်တိုးရီးယားအမှုမှ နှစ်ဖက်ရှေ့နေများကိုလည်း ကိုကိုညီညီတို့၏ မိခင်ဖြစ်သူ Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် တရားစွဲဆိုမှုများ ပြုလုပ်ထားသည်။

S-03


  • VIA