POST TYPE

NEWS

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ရွက်ဖျင်တဲ ဝန်ဆောင်မှုပေးမည်
23-Oct-2019


မန္တလေး၊ အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ လာရောက်သည့် ပြည်တွင်း ပြည်ပဧည့်သည်များအတွက် Camping Tent (ရွက်ဖျင်တဲ) ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း Sweet Seasons Camping Ground Taunggyi ထံမှ သိရသည်။

“တောင်ကြီးတန်ဆောင်တိုင်ပွဲတော်လာ ဧည့်သည်တွေအနေနဲ့ ပွဲတော်အနီးမှာ အဆင့်မြင့်မြင့်တည်းခိုနိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ လမ်းလျှောက်သွားမယ်ဆိုရင် မီးပုံးပျံကွင်းနဲ့ ၁၀ မိနစ်လောက်သာသာပါပဲ။ ကွင်းထဲအထိ မသွားချင်တဲ့သူတွေအတွက်လည်း Tent ရှေ့ကနေထိုင်ပြီး မီးပုံးပျံတွေတက်လာတာကို ကြည့်လို့ရပါတယ်” ဟု Sweet Seasons Camping Ground Taunggyi မှ တာဝန်ရှိသူ ဦးစည်သူက ပြောကြားသည်။

Tent ရွက်ဖျင်တဲဈေးနှုန်းများမှာ နိုဝင်ဘာလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ၂ ယောက်အိပ် Tent တစ်လုံးကို (ပြည်တွင်း) ၃၅,ဝ၀၀ ကျပ်၊ (နိုင်ငံခြားသား) အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာ၊ ၄ ယောက်အိပ် Tent တစ်လုံးကို (ပြည်တွင်း) ၅၅,ဝ၀၀ ကျပ်၊ (နိုင်ငံခြားသား) အမေရိကန်ဒေါ်လာ ၅၅ ဒေါ်လာ၊ ၆ ယောက်အိပ် Tent တစ်လုံးကို (ပြည်တွင်း) ၇၀,ဝ၀၀ ကျပ်၊ (နိုင်ငံခြားသား) အမေရိကန်ဒေါ်လာ ၇၀၊ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၂ ယောက်အိပ် Tent တစ်လုံးကို (ပြည်တွင်း) ၄၅,ဝ၀၀ကျပ်၊ (နိုင်ငံခြားသား) အမေရိကန်ဒေါ်လာ ၄၅ ဒေါ်လာ၊ ၄ ယောက်အိပ် Tent တစ်လုံးကို (ပြည်တွင်း) ၇၀,ဝ၀၀ ကျပ်၊ (နိုင်ငံခြားသား) အမေရိကန်ဒေါ်လာ ၇၀၊ ၆ ယောက်အိပ် Tent တစ်လုံးကို (ပြည်တွင်း) ၉၀,ဝ၀၀ ကျပ်၊ (နိုင်ငံခြားသား) အမေရိကန်ဒေါ်လာ ၉၀ ဖြစ်ကြောင်း Sweet Seasons Camping Ground Taunggyi ထံမှ သိရသည်။

Tent ရွက်ဖျက်တဲဝန်ဆောင်မှုအတွက် ကြိုတင် booking ယူလိုပါက ဝ၉-၄၂၀၂၂၈၃၂၄၊ ဝ၉ ၆၉၂၇၅၉၅၉၆ ထံ ဆက်သွယ်နိုင်သည်။

ယင်း Camping Tent ရွက်ဖျက်တဲဝန်ဆောင်မှုအစီအစဉ်သည် မီးပုံးပျံကွင်းနှင့် တစ်မိုင်ခန့် တောင်ကြီးမြို့ ကံကြီးရပ်ကွက်တွင် ဖွင့်လှစ်ထားသည်။

၂၀၁၉ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၃ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

M-01

ဓာတ်ပုံ - Soe Ko