News

POST TYPE

NEWS

အသံချဲ့စက်ဖွင့်သည့်ကိစ္စကြောင့် လူသတ်မှုဖြစ်
20-Oct-2019
ပုသိမ်၊ အောက်တိုဘာ ၂၀

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ထိပ်အုပ်ရွာတွင် အသံချဲ့စက်ဖွင့်၍ ဆူညံသဖြင့်ဆဲဆိုရာမှ အောက်တိုဘာ ၁၈ ရက်က လူသတ်မှုဖြစ်ခဲ့ကြောင်း အဆိုပါကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါကျေးရွာနေ ကိုဇော်မြင့်အောင် (၄၅ နှစ်) သည် အသံချဲ့စက်ဖွင့်၍ ဆူညံသဖြင့် ဆဲဆိုရာမှ ဓားထိုးခံရပြီး ကန်ကြီးထောင့်ဆေးရုံသို့ပို့စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျောင်းကုန်းရဲစခန်းထံမှ သိရသည်။ 

ယင်းသို့ ဆဲဆိုသဖြင့် ၎င်းကို တစ်ရွာတည်းနေ အောင်လင်းထွန်း၊ အောင်ဝင်းထွန်းနှင့် သန့်ဇော်တို့က ဓားဖြင့်ထိုးခဲ့ကြောင်း၊ သို့သော် မည်သူက ထိုးခဲ့သည်ကိုမူ စစ်ဆေးနေဆဲဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

အမှုနှင့်ပတ်သက်၍ ၎င်းတို့သုံးဦးကို ကျောင်းကုန်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂၊ ၁၁၄ဖြင့် လတ်တလော အမှုဖွင့် ဖမ်းဆီးထားကြောင်း အဆိုပါမြို့မရဲစခန်းထံမှ သိရသည်။

R-12