News

POST TYPE

NEWS

ရေစကြိုတွင် ဂျင်ကစားဝိုင်းကို ရဲဝင်ဖမ်း၊ ကား ၇ စီး၊ ဆိုင်ကယ် အစီး ၁၀၀ နှင့် လူ ၁၃ ဦးကို ဖမ်းမိ
19-Oct-2019



ချောက်၊ အောက်တိုဘာလ ၁၉

ရေစကြိုမြို့နယ် ဖူလုံကျေးရွာ တောရိုးအတွင်း၌ ဂျင်ကစားဝိုင်း ပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် မကွေတိုင်းဒေသကြီးတိုင်းရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၈ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က ဝင်ရောက်ဖမ်းဆီးသည်ဟု ရေစကြို မြို့မရဲစခန်းမှ သိရသည်။

အဆိုပါဖမ်းဆီးမှုတွင် အမျိုးသား ၁၃ ဦးနှင့်အတူ လောင်းကြေးငွေကျပ် ၃,၂၇၂,၈၅၀ ကျပ် ၊ မော်တော်ယာဉ် ၇ စီး၊ ဆိုင်ကယ် အစီး ၁၀၀ ဖမ်းဆီးမိသည်ဟု ယင်းစခန်းမှ ရဲအရှိတစ်ဦးက ပြောဆိုသည်။

သတင်းရရှိသဖြင့် မကွေးတိုင်းရဲတပ်ဖွဲ့ ရဲမှူး ဌေးလွင်နှင့် ရဲအုပ် လှဝင်းထွဋ်ပါ တပ်ဖွဲ့ဝင် ၂၅ ဦး၊ ရေစကြိုမြို့ရဲတပ်ဖွဲ့မှူး ယာယီရဲမှုး နိုင်ဝင်း ၊ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များတို့က ရပ်ကျေးအုပ်ချုပ်ရေးများနှင့်အတူ ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်။

ထို တရားမဝင် ဂျင်အလောင်ကစားဖမ်းဆီးမှုတွင် ရေစကြိုမြို့နယ်အတွင်း နေသူများဖြစ်သော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဝေလင်းမောင်အပါအဝင် အမျိုးသား ၁၃ ဦးကို မော်တော်ယာဉ် KLUGER ခဲရောင်တစ်စီး၊ TOYOTA VIOS အနက်ရောင် တစ်စီး၊ NISSA ADVAN အဖြူ တစ်စီး၊ TOYOTA MARK 2 အဖြူ တစ်စီး၊ HLJET အဖြူရောင် နှစ်စီး စုစုပေါင်း မော်တော်ယာဉ် ၇ စီး၊ ဆိုင်ကယ် အမျိုးအစားစုံ အစီး ၁၀၀ စီး ဂျင်လောင်းကစား ကစားရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ၊ လောင်ကြေးငွေ ၃၂၇၂၈၅၀ ကျပ်တို့ ဖမ်းဆီးရမိသည်။

နေနိုင်




ဓါတ်ပုံ - အောင်ကျော်ဇင်