News

POST TYPE

NEWS

မုံရွာ-ဟုမ္မလင်း ချင်းတွင်းမြစ်ကြောင်း သင်္ဘောပြေးဆွဲမှုရပ်နား
14-Oct-2019


ကလေး၊ အောက်တိုဘာ ၁၄

မုံရွာမြို့မှ ဟုမ္မလင်းမြို့အထိ ချင်းတွင်းမြစ်ကြောင်းအတိုင်း မိုးတွင်းကာလသင်္ဘောပြေးဆွဲမှု ယခုအပတ်မှ စတင်ရပ်နားပြီ ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(ချင်းတွင်းဌာနခွဲ)မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးလေးနိုင်က ပြောကြားသည်။

ချင်းတွင်းမြစ်ကမ်းရှိမြို့များဖြစ်သည့် မုံရွာ၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်နှင့် ဟုမ္မလင်းမြို့အထိ ချင်းတွင်းမြစ်ကြောင်းအတိုင်း မိုးရာသီကာလသင်္ဘောပြေဆွဲမှုကို အောက်တိုဘာလ ၁၄ ရက်တွင် စတင်ရပ်နားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခုပတ်ကနေစပြီးတော့မှ နားသွားပြီ။ ရေနည်းသွားလို့လေ။ ရေနည်းတော့ သင်္ဘောသောင်တင်တာတို့ နောက်သင်္ဘောအတွက် အန္တရာယ်များလို့လေ”ဟု ဦးလေးနိုင်က ပြောသည်။

ဟုမ္မလင်းမြို့နေ စိုင်းညီထွေးက ဓအခုက ပွင့်လင်းရာသီဖက်လည်းရောက်လာပြီဆိုတော့ ကားလမ်းတွေလည်း သွားလို့အဆင်ပြေလာပြီ။ မော်တော်တွေကလည်း အမြဲပြေးဆွဲနေတော့ သင်္ဘောနားပေမယ့် သွားလာရေးသယ်ယူပို့ဆောင်ရေးအတွက်တော့ သိပ်ပြီးအခက်အခဲမရှိပါဘူးဓ ဟု ပြောသည်။

ချင်းတွင်းမြစ်ရေသည် နွေရာသီနှင့် ဆောင်းရာသီတို့တွင် ရေနည်းကာလဖြစ်သဖြင့် သင်္ဘောကြီးများ ပြေဆွဲနိုင်ခြင်း မရှိဘဲ သင်္ဘောကြီးများသည် မိုးရာသီကာလအတွင်းသာ ပြေးဆွဲကြပြီး ချင်းတွင်းမြစ်အထက်ပိုင်းမြို့များဖြစ်သော ကလေးဝ-မော်လိုက်-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးမြို့များသည် မိုးရာသီကာလဆိုပါက ကားဖြင့်သွားလာရန် ခက်ခဲသဖြင့် သင်္ဘောဖြင့် သာ အဓိက ထားသွားလာကြပြီး ယခုနှစ်တွင် သင်္ဘောခေါက်ရေ ၁၄ ခေါက် ပြေးဆွဲပေးခဲ့သည်။

R-20