News

POST TYPE

NEWS

ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခံရ
13-Oct-2019


ကလေး၊ အောက်တိုဘာ ၁၃

ခန္တီးခရိုင်အတွင်းရှိ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့တွင် အောက်တိုဘာလ ၇ ရက်မှစတင်ကာ ၄ ရက်အကြာကျင်းပခဲ့သည့် ၁၅ ကြိမ်မြောက် အာဆီယံသဘာဝပတ်ဝန်းကျင်ဝန်ကြီးများ အစည်းဝေးတွင် အတည်ပြုသတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ အပါအဝင် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများမှ သဘာဝနယ်မြေ (၅ ခုကို အာဆီယံရှေးဟောင်း ယဉ်ကျေးမှု ဥယျာဉ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံမှ တနင်္သာရီ ဘေးမဲ့တောနှင့် ထမံသီဘေးမဲ့တော နှစ်ခုကို လျှောက်ထားခဲ့ပြီး ထမံသီဘေးမဲ့တောမှာ လူသူအရောက်အပေါက်နည်းခြင်း၊ မြန်မာနိုင်ငံအတွင်း ကျက်စားနေထိုင်သည့် တောကြောင်များအနက် ကြောင်တံငါ တစ်မျိုးမှ လွဲ၍ ကျန်သည့် တောကြောင်များ ကျက်စားနေထိုင်ခြင်း၊ သမင်၊ ဒရယ်၊ ဂျီ၊ တောဝက်နှင့် ကျားများ ကျက်စားနေထိုင်ခြင်းတို့ကြောင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်ကျော်လွင်က ရှင်းပြသည်။

R-20






  • VIA