News

POST TYPE

NEWS

သမီးရည်းစား စကားပြောသည်ကို လက်မခံရာမှ လူသတ်မှုဖြစ်
01-Oct-2019

မ​ကွေး ၊ ​အောက်​တိုဘာ ၁

တောင်​တွင်းကြီးမြို့နယ်​၊ တက်​ပု​အောင်း​ကျေးရွာတွင် စက်တင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းက အထက်​တန်း​ကျောင်း ပညာ​ရေးဝန်​ထမ်းအမျိုးသမီးတစ်​ဦးကို ချစ်​ကြိုက်​စကား​ပြောသည်ကို လက်​မခံသဖြင့်​ လူသတ်​မှုဖြစ်​ပွားခဲ့​ကြောင်း ယင်းမြို့နယ်​ ကုက္ကိုကုန်းနယ်​​မြေရဲစခန်းထံမှ သိရသည်​။

တက်​ပု​အောင်း​ကျေးရွာ အထက်​တန်း​ကျောင်းတွင်​ အ​ထွေ​ထွေလုပ်​သားအဖြစ်​ တာဝန်​ထမ်း​ဆောင်​​နေသည့်​ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဖိုးဖြူ (ခ) နိုင်​စိုး (ခ)​ ဇော်​​လေး (အသက် - ၂၀ နှစ်​) က အကြိမ်​ကြိမ်​ ချစ်​ကြိုက်​စကား​ပြောရာ ထိုအမျိုးသမီးက လက်​မခံနိုင်ကြောင်း ပြန်​လည်​​ပြောဆိုသဖြင့်​ ဓားဖြင့်​ ထိုးသတ်​ခဲ့​ကြောင်း ကုက္ကိုကုန်းနယ်​​မြေရဲစခန်းမှ တာဝန်​ရှိသူတစ်​ဦးက ​ပြောသည်​။

"သတ်​ခံရတဲ့အမျိုးသမီးကို ချစ်​ကြိုက်​စကား​ပြောတာကို အုပ်​ချုပ်​​ရေးမှူးဆီတိုင်​​တော့ ​နောက်​မလုပ်​ဖို့ ခံဝန်​ချုပ်​လုပ်​ထားတာ။ အဲ့လိုလုပ်​ထားတာကို သတ်တဲ့သူက မ​ကျေနပ်​ဘူး။ ​နောက်​ထပ်​ ချစ်​ကြိုက်​စကားထပ်​​ပြော​သေးတယ်​၊ ​ပြော​တော့ အမျိုးသမီးက ပြန်​ရန်​​ထောင်​တယ်​။ အဲ့ဒါကိုမ​ကျေနပ်​လို့ လူသွားလူလာနည်းတဲ့​နေရာမှာ ​စောင့်​ပြီး သတ်​တာ"ဟု ကုက္ကိုကုန်းနယ်​​မြေရဲစခန်းမှ တာဝန်​ရှိသူတစ်​ဦးက ဆိုသည်​။

သေဆုံးသူ အမျိုးသမီးမှာ ဦး​ခေါင်း​နောက်​ဘက် ​ပြတ်​ရှဒဏ်​ရာ (၃) ချက်​၊ ယာပါး​ပေါ် ကန့်​လန့်​ဖြတ်​ ပြတ်​ရှဒဏ်​ရာ (၁) ချက်​၊ ယာလက်​​မောင်းပြတ်​ရှဒဏ်​ရာ(၁) ချက်​နှင့်​ တင်​ပါးဝဲ/ယာ ပြတ်​ရှဒဏ်​ရာ (၁) ချက်​ရရှိကာ ​သေဆုံးခဲ့ခြင်းဖြစ်သည်​။

လူသတ်​မှုကျူးလွန်​ခဲ့သည့်​ ဖိုးဖြူ (ခ) နိုင်​စိုး (ခ)​ ဇော်​​လေး အား သေဆုံးသူအမျိုးသမီး၏ဖခင်​က တရားလိုပြုလုပ်ကာ ကုက္ကိုကုန်းနယ်​​မြေရဲစခန်းတွင်​ (ပ) ၃၄/ ၂၀၁၉၊ ရာဇသတ်​ကြီးပုဒ်​မ ၃၀၂ ဖြင့်​ အမှုဖွင့်​စစ်​​ဆေးလျှက်​ရှိသည်​။

လွင်​​အေး