News

POST TYPE

NEWS

မူးယစ်ရမ်းကားသူက ရဲတပ်ကြပ်၏ သေနတ်လုယူစဉ် ကျည်ထွက် ထိမှန်သေဆုံး
01-Oct-2019
တောင်ငူ၊ အောက်တိုဘာ ၁ 

ပဲခူးမြို့ နန်းတော်ရာ ရပ်ကွက် ဥသာ ၉ လမ်းထိပ်တွင် စက်တင်ဘာ ၃၀ ရက် ည ၉ နာရီ ကျော်ခန့်က ပေါက်ဆိန်တစ်လက် ကိုင်ဆောင်ပြီး မူးယစ်ယမ်းကားနေသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာ အဖမ်းမခံဘဲ ရဲတပ်ကြပ် တစ်ဦး၏ သေနတ်ကို လုယူရာမှ သေနတ်ကျည်နှစ်ချက် ပေါက်ထွက်ပြီး ထိမှန်သေဆုံးခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

ဦးခင်ဝင်း (၄၉ နှစ်) ဆိုသူသည် အရက်သေစာများ သောက်စားပြီး ပေါက်ဆိန်တစ်လက်ကိုင်ဆောင်ကာ သားဖြစ်သူကို ထိုးကြိတ်နေသဖြင့် ဇနီးဖြစ်သူ ဒေါ်သန်းဌေးက ရပ်ကွက်တာဝန်ရှိသူများမှ တစ်ဆင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားပေးခဲ့ကြောင်း ရဲကင်းမှူးရဲတပ်ကြပ်ကြီး ဇော်မြင့်တင်လတ် ဦးဆောင်သည့် အဖွဲ့က သက်သေများဖြင့်သွားရောကဖမ်းဆီးစဉ် ရဲတပ်ကြပ်ကြီး ကိုင်ဆောင်ထားသည့် MA 13 သေနတ်ကို ဦးခင်ဝင်း (၄၉ နှစ်) က ပြန်လည်လုယူစဉ် သေနတ်ကျည်နှစ်ချက်ပေါက်ထွက်ကာ တစ်ချက်မှာ နှာဖူးကို ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှှုခင်းမှတ်တမ်းများအရ သိရှိရသည်။

“ဦးခင်ဝင်းကပေါက်ဆိန်ကိုင်ပြီး မူးယစ်ယမ်းကားနေလို့ ရဲစခန်းဖုန်းဆက်လိုက်တာပါ။ ရဲလာပြီး ဖမ်းဆီးတော့ ရဲဆီက သေနတ်ပြန်လုယူတော့ လုံးထွေးသတ်ပုက်ချိန် ကျည်ထွက်သွားတာပါ။”ဟု နန်းတော်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဦးအောင်ကျော်ဦးက ပြောကြားသည်။

အမှုနှင့်ပတ်သက်ပြီး ပဲခူးမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၃၇/၂၀၁၉ ဖြင့် အမှုဖွင့်လှစ်ကာဓမ္မတာတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။




  • VIA