News

POST TYPE

NEWS

သာယာဝတီတွင် စပါးဈေးတိုးမြှင့်ပေးရေးအတွက် တောင်သူတစ်ထောင်ကျော် ဆန္ဒထုတ်ဖော်
01-Oct-2019



သာယာဝတီ၊ အောက်တိုဘာ ၁

ပဲခူးတိုင်းဒေသကြီးအနောက်ဘက်ခြမ်း သာယာဝတီမြို့နယ်အတွင်း စပါးဈေးတိုးမြှင့်ပေးရေး အပါအဝင် လယ်သမားဘဝများကို မြှင့်တင်ပေးရန် တောင်သူတစ်ထောင်ကျော်တို့က ယနေ့ (အောက်တိုဘာ ၁ ရက်) နံနက်ပိုင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သာယာဝတီမြို့နယ်အတွင်း ကျေးရွာအုပ်စု ၆၉ အုပ်စုတို့မှ ထုတ်လုပ်မူ စရိတ် ထက်ပိုမိုသော စပါးဈေး အမြန်ဆုံး သတ်မှတ်ပေးရေး l စပါး(၁)တင်း (၄၆)ပေါင် စံနှုန်းဖြင့်ဝယ်ယူပေးရေး l စပါးအတိုင်း နိုင်ငံခြားသို့ တိုက်ရိုက် တင်ပို့ ရောင်းချ နိုင်ရေးl တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာန အမြန်ဆုံးဖွဲ့စည်း ပေးနိုင်ရေးတို့ကို ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

စပါးတစ်တင်းလျှင် သုံးထောင်ကျာ်ဖြင့်ရောင်းချနေရခြင်းမှာ စပါးတစ်ဧကစိုက်ပျိုးကုန်ကျစရိတ်ဖြင့် တွက်ချက်ပါက (၁) သိန်းကျော် အရှုံးပေါ်နေကြပြီး နိုင်ငံတော်မှ စပါး တင်းတစ်ရာလျှင် ၅ သိန်းဈေး သတ်မှတ်ထားသော်လည်းလက်ရှိမြေပြင်တွင် စပါးကုန်သည် များမှ စပါးတင်းတစ်ရာလျှင်း သုံးသိန်း ငါးသောင်းဈေးဖြင့်ဝယ်နေ၍ တောင်သူများ အခက်အခဲများစွာဖြင့်ရင်ဆိုင်ကြုံ တွေ့နေရကြောင်း တောင်သူ ဒေါ်အိအိကျော်က ရှင်းပြသည်။ည် များမှ စပါးတင်းတစ်ရာလျှင်း သုံးသိန်း ငါးသောင်းဈေးဖြင့်ဝယ်နေ၍ တောင်သူများ အခက်အခဲများစွာဖြင့်ရင်ဆိုင်ကြုံ တွေ့နေရကြောင်း တောင်သူ ဒေါ်အိအိကျော်က ရှင်းပြသည်။

တောင်သူဦးမန်းကလည်း စပါးတင်းတစ်ရာ (၆)သိန်းဈေးသတ်မှတ်ပါက အရင်းသာရရှိသေးပြီး စပါးတစ်တင်လျှင် (၇)ထောင်ဈေးသတ်မှတ်ပေးရန် တောင်းဆိုခြင်းသည် လယ်သမားများ ဘဝ တကယ် အကြပ်အတည်းရင်ဆိုင်နေရသဖြင့် လယ်သမားများတို့၏ လယ်ယာမြေများကို ကုန်သည်ကြီးများထံထိုးအပ်ရတော့မည့် အခြေအနေဖြစ်နေကြောင်း ပြောကြားသည်။

R-19