News

POST TYPE

NEWS

စိတ်ဖောက်ပြန်သူက မိခင်ဖြစ်သူကို ဓါးဖြင့် ထိုးသတ်
01-Oct-2019

ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

ကလေး အောက်တိုဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျောက်တိုင်ကျေးရွာတွင် စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်က သားဖြစ်သူ မှ စိတ်ဖောက်ပြန်ပြီး ဓါးဖြင့် ထိုးသဖြင့် မိခင်ဖြစ်သူ သေဆုံးသည့်ဖြစ်စဉ်ခဲ့ကြောင်း ကန့်ဘလူမြို့မရဲစခန်းမှသိရသည်။

ဦးမြသိန်း(၃၈) နှစ် သည် လွန်ခဲ့သည့် (၅) နှစ် ခန့်က ထိုင်းနိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်ပြီးပြန်လာစဉ် မှ စတင် စိတ်ကစဉ်ကလျား ဖြစ်နေပြီး အခင်းဖြစ်ပွားချိန်က စိတ်ဖောက်ပြန်ကာ မိခင်ဖြစ်သူ ဒေါ်ဝင်းကြည် (၇၅) အား ဓါးဖြင့်ထိုးခဲ့ရာ နောက်ကြော တွင် ထိုးသွင်းဒဏ်ရာတစ်ချက် ခါးတွင်ပြတ်ရှဒဏ်ရာ နှင့် ဘယ်ဘက်လက်ဖျံတွင် ပြတ်ရှဒဏ်ရာများ ရရှိသဖြင့် ဆေးရုံသို့ ပို့စဉ် လမ်းတွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲစခန်း၏ ကနဦး သတင်းပေးပို့ချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကန့်ဘလူမြို့မရဲစခန်း တွင် (ပ)၈၆/၂၀၁၉ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည်။

R-20




  • VIA