News

POST TYPE

NEWS

ဆော်ဒီအာရေးဗီးယားနှင့် ဆွေးနွေးမည့်အရေးကို အီရန်ကြိုဆို
01-Oct-2019


တီဟီရန်၊ အောက်တိုဘာ ၁

အပြန်အလှန် သက်ရောက်နေသည့် အရေးအခင်းများကိစ္စကို ဖြေရှင်းရန်နှင့် ဒေသတွင်း နိုင်ငံများ လုံခြုံရေးကိစ္စ ပူးပေါင်းဆောင်ရွက်ရန် ဆော်ဒီအာရေးဗီးယားနှင့် ဆွေးနွေးမည့် ကိစ္စကို ကြိုဆိုပါကြောင်း အီရန်က တနင်္လာနေ့ကတည်းက ထုတ်ပြန်လိုက်သည်။

ညှိနိူင်းမှုများကနေတဆင့် ပြဿနာများကို ဖြေရှင်းရန်အတွက် အခွင့်အလမ်းတစ်ခု အမြဲတမ်းရှိနေမည် ဖြစ်ပါကြောင်း အီရန် နိုင်ငံခြားရေးဌာန ပြောခွင့်ရအရာရှိ အဘတ်စ်မူဆာဘီက ပြောကြားသည်။

တင်းမာမှုများကို ဖယ်ရှားရန်အတွက် ဆော်ဒီဘက်က အဆင်သင့်ဖြစ်နေရင် မျှော်လင့်ပါကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ကြားဝင်စေ့စပ်ရန်အတွက် ကြိုးစားနေသော အီရတ်ဝန်ကြီးချုပ် အဒယ်အဗ္ဗဒူမာဒီ၏ ဆောင်ရွက်မှုများကို ကြိုဆိုပါကြောင်း အီရန်က ဆိုထားသည်။

အီရတ် ဝန်ကြီးချုပ်သည် ဆော်ဒီအာရေးဗီးယားသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် ဒေသတွင်း စစ်ပွဲတစ်ခုကို ကာကွယ်နိုင်မည်ဟု အကောင်းမြင်ပါကြောင်း ပြောကြားခဲ့သည်။

အီရန်နှင့် ဖြစ်လျက်ရှိသော ပဋိပက္ခများအတွက် နိုင်ငံရေးနည်းလမ်း၊ ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ဖြေရှင်းရန် ပိုပြီး ဦးစားပေးပါကြောင်း ဆော်ဒီ၏ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်မန်အယ်ဆော့က ပြောကြားသည်။ 

F-02


  • VIA