POST TYPE

NEWS

ရွေးကောက်ပွဲနီးလာ၍ တိုင်စာများလာသည်ဟု NLD ဒုဥက္ကဋ္ဌဆို
30-Sep-2019
မန္တလေး၊ စက်တင်ဘာ ၃၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအတွင်းတွင် ရွေးကောက်ပွဲ နီးလာလေ တိုင်စာများ အလွန်များပြားလာကြောင်း ပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

“တိုင်တဲ့အကြောင်းအရာကြည့်လိုက်တော့ တချို့ဟာတွေက ဘာမှမခိုင်လုံဘူး။ ကျွန်တော်တို့ ဆုံးဖြတ်ထားတာ ရှိတယ်။ NLD ရဲ့ ပုံရိပ်ကိုထိခိုက်မယ့် တိုင်ကြားမှုမျိုး စိစစ်ပေးဖို့၊ အဂတိနဲ့မကင်းရင် စိစစ်ပေးဖို့၊ ပုဂ္ဂိုလ်ရေးတိုင်တာတွေကို ကျွန်တော်တို့အတော် စဉ်းစားရလိမ့်မယ်”ဟု ၎င်းကပြောဆိုသည်။

“ပါတီဝင်အချင်းချင်း မေတ္တာမျှကြပါ။ မတွက်ကပ်ကြပါနဲ့။ ဘယ်သူလုပ်လုပ် မလုပ်လုပ် စေတနာပါပါနဲ့ လုပ်ဆောင်ကြပါ”ဟု ပါတီ၏ကန်တော့ခံ နာယကတစ်ဦးဖြစ်သူ ဦးသန်းထိုက်က တိုက်တွန်းပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အချို့မြို့နယ်များတွင် ပါတီဝင်အချင်းချင်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုမှုများရှိသည်။

M-01