News

POST TYPE

NEWS

စည်းကြပ်မှုမှကင်းလွတ်သည့် အခွန်နှုန်းပြောင်းလဲမှု သတ်မှတ်ရက်မတိုင်မီ ဝယ်ထားသည့်ပစ္စည်းများပါ နှုန်းထားလျှော့ချပေးမည်
30-Sep-2019


ရန်ကုန်၊ စက်တင်ဘာ ၃၀

အောက်တိုဘာ ၁ ရက်နေ့တွင် စတင်လျှော့ချမည့် စည်းကြပ်မှုမှ ကင်းလွတ်နေသည့်ငွေများအတွက် လျှော့ချသည့် အခွန်နှုန်းထားကို ယင်းရက်မတိုင်မီ ဝယ်ယူထားသည့် အခွန်ဆောင်မှုတွင်လည်း အကျုံးဝင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

စည်းကြပ်မှုမှ လွတ်ကင်းနေသည့်ငွေများ အခွန်ဆောင်၍ရသည့်ကိစ္စသည် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၀ စက်တင်ဘာလ ၃၀ ရက်အထိ တစ်နှစ်သာ ဆောင်ရွက်မည့် အစီအစဉ်ဖြစ်သည်။

ယင်းအစီအစဉ်သည် နိုင်ငံသား မည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ် ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်း ထပ်မံတိုးချဲ့ခြင်းတို့တွင် အကျုံးဝင်မည်ဖြစ်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

“အခွန်နှုန်းထားပြောင်းလိုက်တာ ကောင်းပါတယ်။ အဲဒီရည်ရွယ်ချက်က ကားအရောင်းအဝယ်၊ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်တွေအတွက် ဝယ်သူတွေ ဝန်ထုပ် ဝန်ပိုး မဖြစ်အောင်လုပ်ပေးတာ။ ဒီတစ်ခုကြောင့် အရောင်းအဝယ် နည်းနည်းတော့ ဖြစ်လာတယ်။ အများကြီးတော့ မဖြစ်နိုင်ဘူး”ဟု မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောကြားသည်။

အဆိုပါ အခွန်နှုန်းထား ပြောင်းလဲမှုသည် ပစ္စည်းအသစ်များ ထပ်မံဝယ်ယူခြင်းထက် အမည်ပေါက်ပြောင်းလဲသူများသာ ပိုမိုတိုးတက်လာနိုင်ကြောင်း ဦးကိုကိုထွေးက ရှင်းပြသည်။

ပြည့်ဖြိုးမြင့်မွန်