News

POST TYPE

NEWS

လှိုင်သာယာ စက်မှုဇုန် (၂) တွင် အမျိုးသားတစ်ဦး အသတ်ခံရ
22-Sep-2019

ရန်ကုန်၊ စက်တင်ဘာ ၂၂

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂) တွင် စက်တင်ဘာ ၂၁ ရက် ညပိုင်းက အမျိုးသားတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်အရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓားထိုးသွင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူမှာ စက်မှုဇုန် (၂) ရှိ အဆောင်တစ်ဆောင်တွင် နေထိုင်သော သီဟဇော် (၂၄) နှစ်ဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို ပန်းလှိုင်ဂေါက်ကွင်းအနီး တိုကျိုပိုက်စက်ရုံဘေးတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ၏ ရုပ်အလောင်းကို စစ်ဆေးရာ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာနှင့် ညာခြေသလုံးတွင် ပြတ်ရှဒဏ်ရာ တွေ့ရှိခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လူသတ်မှုကျူးလွန်သူကို ဖော်ထုတ်အရေးယူနိုင်ရန် လှိုင်သာယာမြို့မ ရဲစခန်းမှ (ပ) ၅၅၇၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03