News

POST TYPE

NEWS

အိမ်ပြန်နောက်ကျသည့်အမျိုးသား ဇနီးက ဆူပူပြောဆိုသဖြင့် ကြိုးဆွဲချ သေဆုံး
22-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၂၂

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်တွင် စက်တင်ဘာ ၂၁ ရက် ညပိုင်းက အိမ်ပြန်နောက်ကျသည့် အမျိုးသားမှာ ဇနီးဖြစ်သူက ဆူပူပြောဆိုသဖြင့် ကြိုးဆွဲချ၍ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အသက် ၂၀ နှစ် အမျိုးသားမှာ ဆိုင်ကယ်ကယ်ရီမောင်းသူဖြစ်ပြီး ညအချိန် အိမ်ပြန်နောက်ကျသည့် ကိစ္စနှင့်ပတ်သက်၍ ဇနီးမှ ဆူပူပြောဆိုသဖြင့် စကားများရန်ဖြစ်ခဲ့ပြီးနောက် နေအိမ်အပေါ်ထပ်သို့ တက်သွားခဲ့ပြီး နေအိမ်အောက်ထပ်တွင် ကျန်နေခဲ့သူ ဇနီးမှာ ညစာအတွက် ချက်ပြုတ်နေခဲ့ကြောင်း စစ်ဆေးချက်အရ သိရသည်။

အချိန်ကြာမြင့်သည့်အထိ ခင်ပွန်းဖြစ်သူမှာ နေအိမ်အောက်ထပ်သို့ ဆင်းမလာသဖြင့် ဇနီးက အပေါ်ထပ်သို့ တက်ကြည့်စဉ် ကြိုးဆွဲချ၍ သေဆုံးနေသော ခင်ပွန်း၏ ရုပ်အလောင်းကို တွေ့ရှိသဖြင့် ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခဲ့သည်။

သေဆုံးသူ၏ ရုပ်အလောင်းကို စစ်ဆေးရာ လည်ပင်းကြိုးပွန်းဒဏ်ရာမှအပ အခြားပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိခဲ့သောကြောင့် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် သိရှိရန် အင်းစိန်ဆေးရုံသို့ ရုပ်အလောင်းကို ပီအာရ် ၁၇ ဖြင့် လက်ခံစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03


  • VIA