News

POST TYPE

NEWS

အီလန်စက်ရုံမှ အလုပ်ထုတ်ခံရသူများ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြ
22-Sep-2019


ရန်ကုန်၊ စက်တင်ဘာ ၂၂

အီလန်စက်ရုံမှ ယာဉ်မောင် ၆ ဦး အလုပ်ထုတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ အလုပ်သမားတစ်ရာကျော်မှ စက်တင်ဘာ ၂၂ ရက်နေ့တွင် မြို့တော်ခန်းမရှေ့၌ ဆန္ဒပြခဲ့ကြသည်။

လှိုင်သာယာစက်မှုဇုန် (၃)၊ ဗန်းမော်အတွင်ဝန်လမ်းရှိ အီလန်ဆပ်ပြာမှုန့်စက်ရုံတွင် ဇူလိုင် ၂၇ ရက်နေ့က ယာဉ်မောင်း အလုပ်သမား ၆ ဦး အလုပ်ထုတ်ခဲ့သည့် ပြသာနာနှင့်ပတ်သက်၍ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးသို့ တိုင်ကြားခဲ့သော်လည်း ပြေလည်မှုမရှိသည့်အတွက် ဆန္ဒပြသည့်အခြေအနေသို့် ရောက်လာရခြင်းဖြစ်ကြောင်း အလုပ်ထုတ်ခံရသူ ယာဉ်မောင်း ကိုသိန်းသန်းထွန်းက ပြောသည်။

“EC စာချုပ် ချိုးဖောက်တယ်ဆိုပြီး အလုပ်ထုတ်စာချုပ်မှာက အလုပ်သမားကိုအပြစ်မရှိဘဲနဲ့ အလုပ်ထုတ်လို့မရဘူး”ဟု ၎င်းက ဆိုသည်။

EC စာချုပ်ဆိုသည်မှာ အလုပ်ဝင်ရောက်သည့်အခါ အလုပ်သမားနှင့် အလုပ်ရှင်ချုပ်ရသော သဘောတူညီချုပ်စာချုပ်ဖြစ်ပြီး စာချုပ်ထဲတွင် အလုပ်ရှင်မှ အလုပ်သမားများအား အပြစ်တစ်စုံတစ်ရာမရှိဘဲ အလုပ်ထုတ်ခွင့်မရှိဆိုသောအချက်လည်း ပါဝင်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူအီလန်ဆပ်ပြာမှုန့်စက်ရုံမှ အလုပ်သမားကိုအောင်မင်းက ပြောသည်။

အီလန်ဆပ်ပြာမှုန့်စက်ရုံမှ ဇူလိုင်၂၇ ရက်နေ့တွင် ယာဉ်မောင်း အလုပ်သမား ၆ ဦး အလုပ်ထုတ်ခဲ့သည့် ပြသာနာနှင့်ပတ်သတ်၍ အလုပ်သမားများမှ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးရုံးသို့ သြဂုတ် ၂ ရက်နေ့တွင် စတင်တိုင်ကြားခဲ့ရာ အလုပ်ရှင်၊ အလုပ်သမား ၅ ကြိမ်တိုင်ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရှိသဖြင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အီလန်ဆပ်ပြာမှုန့်စက်ရုံတွင်သာမက အခြားစက်ရုံများမှာလည်း EC စာချုပ်ပြည့်၍ အလုပ်သမားများကို အလုပ်မှရပ်နားကာ နေ့စားအလုပ်သမားများသာ အစားထိုးခန့်ထားလာသည့်အတွက် ထိုသို့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို အများပြည်သူနှင့် အစိုးရဝန်ကြီးဌာနမှ တာဝန်ရှိသူများပါသိရှိအောင် ဆန္ဒပြခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုဝန်ဆောင်မှုလုပ်ငန်းနှင့် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (MICS၊ TUSF) မှ လက်ထောက်အတွင်းရေးမှူး ကိုနေလင်းအောင်က ပြောသည်။

အီလန်အခြေခံအလုပ်သမား အဖွဲ့အစည်းများမှ ယာဉ်မောင်း ၆ ဦးအား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို အသုံးပြု၍ အလုပ်ရှင်မှအလုပ်ထုတ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ စက်တင်ဘာ ၂၁ ရက်နေ့က Myanmar press freedom center တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သေးသည်။

အေးချမ်းသူ






  • VIA