News

POST TYPE

NEWS

ရပ်ထားသည့် ဝန်ထမ်းကြိုပို့ယာဉ်ကို ဟိုက်ဂျက်ယာဉ်ဝင်တိုက် နှစ်ဦးသေဆုံး
19-Sep-2019
တောင်ငူ၊ စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အင်းတကော်မြို့ ရန်ကုန်-မန္တလေးလမ်း‌ဟောင်း မိုင်တိုင် ၃၆/၁ အနီးတွင် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်က ရပ်ထားသည့်ဝန်ထမ်းကြိုပို့ယာဉ်ကို ဟိုက်ယာဉ်ကနောက်မှတိုက်မိခဲ့ပြီး အမျိုးသားနှစ်ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အင်းတကော်နယ်မြေ ရဲစခန်းမှ သိရသည်။

ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ပဲခူးဘက်မှရန်ကုန်ဘက်သို့ ဖိုးသီး (ခ) ကျော်ဇေယျာဦး ၄၅ နှစ်‌မောင်းနှင်ပြီး အမျိုးသား အမျိုးသမီးဆယ်ဦးခန့် လိုက်ပါလာသည့် ဟိုက်ဂျက်ယာဉ်သည် စက်ပျက်၍ ယာဉ်ကိုပြုပြင်နေသည့် MITSUBI SHI အမျိုးအစားစက်ရုံကြို/ပို့ယာဉ်ကို နောက်က ဝင်တိုက်မိခဲ့ပြီး ဟိုက်ဂျက်ယာဉ် ပေါ်လိုက်ပါလာသည့် အမျိုးသားနှစ်ဦး သေဆုံးပြီး အမျိုးသမီး ခုနှစ်ယောက် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ဖြစ်ကြောင်း ရဲစခန်း၏ ကနဦး စစ်ဆေးချက်အရ သိရသည်။

အမှုနှင့်ပတ်သက်ပြီး ဖိုးသီး (ခ) ကျော်ဇေယျာဦးကို အင်းတကော်နယ်မြေရဲစခန်းမှယာဉ် (ပ) ၆၉/၂၀၁၉ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်ထားသည်။

R-15


  • VIA