POST TYPE
NEWS
ရေပူစစ်ဆေးရေးစခန်းက သိမ်းဆည်းခဲ့သော အကောက်ခွန်မဲ့ပစ္စည်းများကို ဖျက်ဆီး
19-Sep-2019

လားရှိုး၊ စက်တင်ဘာ၁၉ ရက်
ရှမ်းပြည်နယ် မြောက်ပိုင်း သိန်းနီမြို့နယ်ရှိ ရေပူစစ်ဆေးရေးစခန်းက ဖမ်းမိခဲ့သော အကောက်ခွန်မဲ့ပစ္စည်းများမီးရှို့ဖျက်ဆီးခြင်းကို ယနေ့ နံနက်ပိုင်းက လားရှိုးမြို့ရှိ အကောက်ခွန်ဦးစီးဌာနဝင်းအတွင်းပြုလုပ်ခဲ့သည်။
“ဒီနှစ် မတ်လက ဇူလိုင်လအထိ ရေပူဂိတ်မှာ အကောက်ခွန်မဲ့ ရှာဖွေသိမ်းဆည်းမိတဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာပါ၊ ဘီယာ၊ အချိုရည်၊ အိမ်သုံးဆေး၊ အလှကုန်၊ အဝတ်အထည်နဲ့ စားသောက်ကုန်တွေ ပါတယ်၊ ဒီတစ်ကြိမ်နဲ့ဆို ၃ ကြိမ်မြောက်ရှိပါပြီ”ဟု လားရှိုးမြို့ရှိအကောက်ခွန်ဦးစီးဌာနမှတာန်ရှိသူကပြောဆိုသည်။
ရေပူအမြဲတန်းစစ်ဆေးရေးစခန်းကို အကောက်ခွန်ဦးစီးဌာနက ၂၀၁၇ ခုနှစ် မတ်လတွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
R-07
- VIA
- Voice Admin
- SOURCES
- The Voice
-
12-Dec-2019
-
12-Dec-2019
-
12-Dec-2019
-
12-Dec-2019
-
12-Dec-2019
-
12-Dec-2019
-
01-Dec-2019