News

POST TYPE

NEWS

အင်ဒိုတောမီးခိုးများကြောင့် မလေးရှားတွင် ကျောင်းများပိတ်ရ၊ စင်္ကာပူ၏ လေထုညစ်ညမ်းမှုမြင့်တက်
18-Sep-2019



ဂျာကာတာ၊ စက်တင်ဘာ ၁၈

အင်ဒိုနီးရှားနိုင်ငံက တောမီးများကြောင့် ဒေသတွင်းနိုင်ငံများ မီးခိုးဒဏ် နှစ်စဉ် ခံရလျက်ရှိရာ မလေးရှားနိုင်ငံတွင် ကျောင်းတစ်ထောင်ကျော် ပိတ်ထားရပြီး စင်္ကာပူတွင်လည်း ဖော်မြူလာဝမ်း ကားပြိုင်ပွဲ အနေအထား မရေရာဖြစ်နေကြောင်း သတင်းများက ဆိုသည်။

ဆူမားတြားနှင့် ဘော်နီယိုကျွန်းများပေါ်ရှိ စိုက်ခင်းများကို တရားမဝင် မီးရှို့ရှင်းလင်းမှုများ ရှိနေသဖြင့်လည်း တောမီးများ ပိုမိုဆိုးရွားလာရသည်ဟု ဝေဖန်မှုများရှိသည်။

အင်ဒိုနီးရှားအစိုးရ တောမီးကို ကိုင်တွယ်ရန်အတွက် ထောင်ပေါင်းများစွာသော လုံခြုံရေးတပ်များ ချထားပြီး လေကြောင်းမှ ရေဗုံးများ ကြဲချကာ ရှင်းလင်းနေကြရသည်။

ယခုနှစ် အင်ဒိုနီးရှားတောမီးသည် ၂၀၁၅ နောက်ပိုင်းတွင် အပြင်းထန်ဆုံးဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ပြင်းထန်စွာ ထိခိုက်ကြောင်း အေဂျင်စီများက ထောက်ပြကြသည်။

စင်္ကာပူနှင့် မလေးရှားရှိ ကောင်းကင်တွင် မီးခိုးများ ယှက်သန်းနေပြီး သံတမန်ခင်းအရ အငြင်းပွားတင်းမာမှုများ ယမန်နှစ်များကကဲ့သို့ ပြန်လည် ဖြစ်ပွားလျက်ရှိသည်။

မလေးရှားနိုင်ငံ ဆီလန်ဂေါ ပြည်နယ်သည် အပြင်းထန်ဆုံးထိခိုက်ပြီး ကျောင်း ၅၃၈ ကျောင်း ပိတ်ထားရသည်။ 

F-02