News

POST TYPE

NEWS

ကျောင်းဆရာမ၏ ဆွဲကြိုးဖြတ်ပြေးသူကို ဖမ်းမိ
18-Sep-2019
ကလေး စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်တွင် ကျောင်းဆရာမတစ်ဦး၏ ဆွဲကြိုးကို ဖြတ်ယူထွက်ပြေးသည့် လူငယ်ကို စက်တင်ဘာလ ၁၇ ရက်နေ့ ကဖမ်းဆီးရမိခဲ့ကြောင်း ခန္တီးမြို့မရဲစခန်းမှ သိရသည်။

ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ညနေကျောင်းဆင်းချိန် အလယ်တန်းပြအဖြစ် သင်ကြားနေသည့် အသက် (၃၀) ဝန်းကျင် ကျောင်းဆရာမသည် ကျောင်းမှ အိမ်သို့ ‌ခြေလျင်ဖြင့်ပြန်လာစဉ် လူငယ်တစ်ဦးမှ နောက်က လိုက်လာပြီး လည်ပင်းတွင် ဝတ်ဆင်ထားသည့် ဆွဲကြိုးကို ဆွဲဖြတ်ပြေးသော်လည်း ဆရာမက လက်ကို ဖမ်းဆွဲကာ ကိုက်သဖြင့် ဆွဲကြိုမှာ မြေကြီးပေါ် ပြုတ်ကျခဲ့ပြီး ထိုလူငယ်မှာ ထွက်ပြေးသွားသဖြင့် အုပ်ချုပ်ရေးရေးမှူးရုံးသို့ တိုင်ကြားခဲ့သည်။

ယင်းတိုင်တန်းချက်အရ လိုက်လံရှာဖွေရာ ဆွဲကြိုးလုယူသူကို ခန္တီးမြို့ ပေါမိုင်းရပ်ကွက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ပေါမိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးဦးစိန်လင်းက ပြောသည်။

ဆွဲကြိုးလုယက်မှုဖြင့် ဖမ်းဆီးခံရသူမှာ ကိုအောင်သူဖြိုး (၁၈) နှစ် ဖြစ်ပြီး ခန္တီးမြို့မရဲစခန်းတွင် (ပ) ၆၃/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ -၃၈၂ ဖြင့် အမှုဖွင့် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

R-20


  • VIA