News

POST TYPE

NEWS

မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲသည့် အမျိုးသားတစ်ဦး သေဆုံး
18-Sep-2019
ကလေး စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် မြောက်လည်ကျေးရွာအနီး ဒေါင်းမြူးချောင်းကမ်းဘေးတွင် မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲသည့် အမျိုးသားတစ်ဦး သေဆုံးသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဝန်းသိုမြို့မရဲစခန်းမှ သိရသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်က ဒေါင်းမြူးချောင်းကမ်းဘေးတွင် ကိုဇော်ထွန်း (၂၆) နှစ်ဆိုသူ လူတစ်ဦး သေဆုံးနေကြောင်း သိရသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုရာ ပက်လက်အနေအထားဖြင့် ပါစပ်နှင့် နှာခေါင်းတို့မှ အမြုပ်များ ထွက်လျက် ဘယ်လက်လက်ဖျံတွင် အပ်ပေါက်ရာများဖြင့် သေဆုံးနေခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဝန်းသိုမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဥသ် ၉/၂၀၁၉ ဖြင့် အမှုဖွင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

R-20




  • VIA