News

POST TYPE

NEWS

၀နကှှီးမှားနှင့ှ ဝနကှှီးခှုပမှှားအတှကှ ကန့သှတခှကှမှှားပါသော ခှေ/ဥ ပှငဆှငခှကှှ တပမှတောှ တငသှှငှး၊ ပှငဆှငခှကှမှူကှမှး ထပမှံတငသှှငှးမညဟှုဆို
18-Sep-2019
နေပြည်တော်၊ စက်တင်ဘာ ၁၇

ပြည်ထောင်စုအဆင့်ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များ ခန့်အပ်မည့် နေရာအတွက် ကန့်သတ်ချက်များပါသည့် အခြေခံဥပဒေပါ ပုဒ်မနှစ်ခုကို ဖြည့်စွက်ရန် တပ်မတော်က ပြင်ဆင်ချက်တင်သွင်း လိုက်သည့်အပြင် ဆက်လက်တင်သွင်းမည့် ခြေ/ဥ ပြင်ဆင်ရေးမူကြမ်း ကျန်ရှိနေသေးကြောင်း တပ်မတော်က ပြောကြားလိုက်သည်။

“လောလောဆယ် ကျွန်တော်တို့ တင်ဖို့ တစ်ခု၊ နှစ်ခုတော့ရှိတယ်ဗျ၊ အခြေအနေအရ အခြေအနေနဲ့ သင့်တဲ့ဟာကို တင်တာပေါ့”ဟု ဗိုလ်မှူးချုပ်မောင်မောင်က The Voice သို့ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက ပြောကြားသည်။ စက်တင်ဘာ ၁၇ ရက် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ပြည်သူ့လွှတ်တော်မှ ဗိုလ်မှူးချုပ်မောင်မောင် ဦးဆောင်သော တပ်မတော်သားကိုယ်စားလှယ် ၁၄၄ ဦးက အခြေခံဥပဒေပါ ပုဒ်မ ၂၃၂ (က) နှင့် ပုဒ်မ ၂၆၁ (က) တို့တွင် ဖြည့်စွက်ချက်အဖြစ် “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး၊ သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သား၊ သမီးတစ်ဦးဦး၏ ဇနီး၊ သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့် ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူ မဖြစ်ရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားခွင့်ရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ”ဟု တင်သွင်းလိုက်ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်သို့ထပ်မံ တင်သွင်းမည့် မူကြမ်း/ဥပဒေအကြောင်းအရာကို မပြောနိုင်သေးသော်လည်း ပြင်ဆင်ချက်မူကြမ်းနောက်တစ်ခုကို အမျိုးသားလွှတ်တော်မှ တပ်မတော်သား အစုအဖွဲ့က ဦးဆောင်တင်သွင်းမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်မောင်မောင်က ဆိုသည်။

ယနေ့ တင်သွင်းလိုက်သည့် ဖြည့်စွက်ချက်နှင့် ပတ်သက်၍ ဗိုလ်မှူးချုပ်မောင်မောင်က “အရေးကြီးတဲ့ ပြည်ထောင်စု ဝန်ကြီးတွေ၊ ပြည်နယ်တိုင်း ဝန်ကြီးတွေကတော့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအပေါ် သစ္စာရှိမှု၊ နောက်ပြီးတော့ ဒီလိုနိုင်ငံခြားနဲ့ အဆက်အစပ်ရှိတဲ့အပေါ်မှာမူတည်ပြီးတော့ ကိုယ့်နိုင်ငံမှာ နိုင်ငံခြားရဲ့ ဝင်ရောက် စွက်ဖက်မှုမရှိဖို့၊ ယုံကြည်စိတ်ချမှုပေါ့။ တို့လူကြီးကတော့ သစ္စာဖောက်မှာ မဟုတ်ဘူး။ ယုံကြည်စိတ်ချမှုရှိဖို့အတွက် ပြင်ဆင်ချက်ကို ဖြည့်စွက်ခြင်းဖြစ်ပါတယ်”ဟု မီဒီယာများကို လွှတ်တော်တွင် ပြောကြားခဲ့သည်။

ယခုပြင်ဆင်ဖြည့်စွက်ချက်သည် ပုဒ်မ ၅၉ (စ) ကဲ့သို့ စကားရပ်များကို ထပ်မံထည့်သွင်းပြင်ဆင်ခြင်းသည် ဒီမိုကရေစီ စံနှုန်းများနှင့် ပိုမို၍ကိုက်ညီမှုမရှိကြောင်း၊ ထိုသို့ဆိုပါက လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်းသတ်မှတ်ချက်၌လည်း ထည့်သွင်းရမည့် ပုံစံဖြစ်နေကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက မီဒီယာများကို မှတ်ချက်ပြုပြောဆိုခဲ့သည်။

တပ်မတော်က တင်သွင်းလာသည့် ပုဒ်မနှစ်ခု ဖြည့်စွက်ချက်သည် မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည့် ၁၉၄၇ ဥပဒေ၊ ၁၉၇၄ ခုနှစ် ဥပဒေတို့တွင် ပါဝင်ခြင်းမရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ပြင်ဆင်ဖြည့်စွက်ချက်ကို လွှတ်တော်က သုံးသပ်ဆောင်ရွက်သွားရမည့်အခြေအနေ ဖြစ်ကြောင်း NLD ပါတီဝင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ဆိုသည်။

တပ်မတော်၏ ပြင်ဆင်ချက် တင်ပြမှုကို စက်တင်ဘာ ၁၀ ရက်က လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် လွှတ်တော်တင်ပြခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း၊ ယင်း ပြင်ဆင်ချက်မူကြမ်းကို စိစစ်ရန် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့မှ ဥပဒေကြမ်းကော်မတီဝင်များပါဝင်သော စိစစ်ရေးပူးပေါင်းအဖွဲ့ကို တာဝန်ပေးကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

သမ္မတဖြစ်ခွင့်ရှိသူကို ကန့်သတ်ချက် ပြုလုပ်ထားသည့် ပုဒ်မ ၅၉ (စ) ကိုလည်း ပြည်သူလူထု အများစုက လက်မခံသည့် အပြင် NLD ပါတီက ဦးဆောင်ပြုလုပ်သည့် အခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာတွင် ပုဒ်မ ၅၉ (စ)ကို NLD ပါတီအပါအဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားညီညွတ်သောဒီမိုကရက်တစ် ပါတီတို့က ပယ်ဖျက်ထားသည်ကို တွေ့ရသည်။ 

S-01



  • VIA