News

POST TYPE

NEWS

မ​ကွေးတိုင်းရှိ မသန်​စွမ်းသူများ အလုပ်​အကိုင်​အခွင့်​အလမ်းအတွက် ထီ​ရောင်းရန်​သုံးဘီးဆိုင်​ကယ်​များ ကူညီ
16-Sep-2019



မ​ကွေး၊ စက်​တင်​ဘာ ၁၆

မ​ကွေးတိုင်းအတွင်းရှိ မသန်​စွမ်းသူများ အလုပ်​အကိုင်​အခွင့်​အလမ်းများရရှိ​စေရန်​ ရည်​ရွယ်​ပြီး ထီ​ရောင်းရန်​ သုံးဘီးဆိုင်​ကယ်​များ ကူညီပံ့ပိုး​ပေးလျှက်​ရှိ​ကြောင်း ယင်း တိုင်း ကိုယ်​အင်္ဂါမသန်​စွမ်းသူများအသင်း ဥက္ကဋ္ဌ ဦး​ကျော်​ဟိန်းက ပြောကြားသည်​။

မ​ကွေးတိုင်းကိုယ်​အင်္ဂါမသန်​စွမ်းသူများအသင်းထံ သုံးဘီးဆိုင်ကယ် ၆ စီး ကူညီထားသော်လည်း သုံးဘီးဆိုင်ကယ်ရယူသူများက တစ်​လလျှင်​ အသင်းရံပုံ​ငွေ ကျပ်​ (၁)​ သောင်းနှုန်းဖြင့်​ (၂)နှစ်​ခန့်​​ ပေးသွင်းရမည်​ဖြစ်​သည်​။



အလုပ်​အကိုင်​အခွင့်​အလမ်းရရှိရန်​ ရည်​ရွည်​ပြီး မသန်​စွမ်းသူများက ထီ​ရောင်းချခြင်းဖြစ်​​​သော်​လည်း မသန်​စွမ်းမှုကို အ​ကြောင်းပြကာ ​ဈေးတင်​​ရောင်းချခြင်း ပြုလုပ်​မည်​မဟုတ်ကြောင်း ဥက္ကဋ္ဌ ဦး​ကျော်​ဟိန်းက ရှင်းပြသည်။

“မသန်​စွမ်း​ကျောင်းသား​တွေရှိတယ်​၊ သူတို့အတွက်​ ပညာသင်​စရိတ်​၊ အခြားအ​ထောက်​အပံ့​တွေနဲ့အတူ Wheel Chair ​တွေ ​ထောက်​ပံ့​ပေး​နေရပါတယ်​။ တတ်​နိုင်​သ​လောက်​ရလာတဲ့ ရံပုံငွေထဲက​နေ မသန်​စွမ်းမိသားစု​တွေအတွက်​ ရှာကြံပြီး လုပ်​​ပေး​နေတာပါ”ဟု ၄င်းက ဆိုသည်​။

မသန်​စွမ်းသူများ၏ ဘဝရပ်​တည်​ရန်​ အမှန်​တကယ်​အလုပ်​လုပ်​မည်​ဆိုပါက အဆိုပါထီလှည်း​လေးများကို မ​ကွေးတိုင်းကိုယ်​အင်္ဂါမသန်​စွမ်းသူများအသင်းထံ လာ​ရောက်​​လျှောက်​ထားနိုင်​​ကြောင်းနှင့်​ မသန်​စွမ်းသူများအတွက်​ အစိုးရဌာနများကလည်း ပါဝင်​ကူညီ​ပေးရန်​ လိုအပ်​​ကြောင်း ၄င်းက ထပ်လောင်းပြောကြားခဲ့သည်။

R-23