News

POST TYPE

NEWS

ပြုံးယမ်းသို့ လာရောက်ရန် ဒေါ်နယ်ထရမ့်ကို ကင်ဂျုံအန် ဖိတ်ခေါ်
16-Sep-2019


ဆိုးလ်၊ စက်တင်ဘာ ၁၆

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က မြောက်ကိုရီးယားမြို့တော် ပြုံးယမ်းကို လာရောက်လည်ပတ်ဖို့ စာထဲမှာ ထည့်ရေးပြီး ပို့ခဲ့ကြောင်း ကိုရီးယားသတင်းစာတစ်စောင်က ရေးသားဖော်ပြထားသည်။

ပြီးခဲ့သည့် လအတွင်းက တစ်လအတွင်း ဒုတိယအကြိမ်မြောက် ရရှိခဲ့သည့် အဆိုပါ စာသည် နျူကင်းစင်ရေး ဆွေးနွေးပွဲများ ရပ်ဆိုင်းနေစဉ် ရောက်ရှိလာခြင်း ဖြစ်သည်။

မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်များ ပစ်ခတ်စမ်းသပ် မပြခင် အချိန်က ဝါရှင်တန်သို့ ရောက်လာသည့် စာဖြစ်သည်။

သြဂုတ်လ တတိယပတ်တွင် ဒေါ်နယ်ထရမ့်လက်ထဲသို့ ရောက်သွားသည့် စာ၌ ထရမ့်နှင့် နောက်တစ်ကြိမ် တွေ့ဆုံလိုပါကြောင်း၊ ပြုံးယမ်းသို့ ဖိတ်ခေါ်ခဲ့သည်။

ခေါင်းဆောင်ကင်၏ ဖိတ်ခေါ်ချက်နှင့် ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂရှိ မြောက်ကိုရီးယား သံတမန်အဖွဲ့တို့က မှတ်ချက်ပေးခြင်း မရှိသေးပေ။

ထရမ့်နှင့် ကင်တို့သည် ၃ ကြိမ်တိုင်တိုင် တွေ့ခဲ့ပြီး ဖြစ်ကာ ဗီယက်နမ်တွေ့ဆုံပွဲ နောက်ပိုင်း သိသာသော သဘောတူညီချက် မရရှိခဲ့ဘဲ တာတိုပစ်လက်နက်များ မြောက်ကိုရီးယားဘက်က ပစ်ပြခဲ့ကာ၊ အမေရိကန်ကလည်း တောင်ကိုရီးယားနှင့် စစ်ရေးလေ့ကျင့်မှုများ ဆက်လုပ်ခဲ့သည်။ 

F-02


  • VIA