News

POST TYPE

NEWS

စက်တင်ဘာလကုန်တွင် ကလေးနှစ်ဦးကို အသည်းအစားထိုးကုသမည်
12-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၁

ရန်ကုန်ကလေးဆေးရုံကြီးတွင် ကလေးနှစ်ဦးကို စက်တင်ဘာလကုန်တွင် အသည်းအစားထိုးကုသမှု ပြုလုပ်မည်ဖြစ်ကြောင်း ယင်းဆေးရုံ၏ ဆေးရုံအုပ် ကြီး ဒေါက်တာစုစုဒွေးက ပြောကြားသည်။

အဆိုပါကုသမှုကို မြန်မာကလေး အသည်းအစားထိုး ကုသမှုအဖွဲ့နှင့် Kyushu University တို့ပူးပေါင်း၍ တတိယအကြိမ် ပြုလုပ်မည်ဖြစ်ပြီး အသက်တစ်နှစ်လေးလအရွယ် အသည်းကင်ဆာ ဝေဒနာ ခံစားနေရသည့် မောင်ဘုန်းမြင့်မြတ်နှင့် အသက်တစ်နှစ်ငါးလအရွယ် မွေးရာပါသည်းခြြွေပန်မရှိဘဲ ရောဂါဝေဒနာခံစားနေရသည့် မောင်မြတ်ဘုန်းထက်တို့ကို ကုသပေးမည်ဖြစ်သည်။

“အစားထိုးကုသဖို့အတွက် ပထမရည်ရွယ်ခဲ့တာတော့ တစ်ယောက်ချင်း တစ်ယောက်ချင်းပဲပေါ့နော်။ ဒီ တစ်ခေါက်က ကလေးနှစ်ယောက်လုံးက ခွဲစိတ်ဖို့လိုအပ်တယ်။ နှစ်ယောက်တွဲ ခွဲစိတ်ကုသဖို့ ဆုံးဖြတ်ပါတယ်။ ခွဲစိတ်ကုသမှုမှာ တစ်ဦးချင်းရဲ့ ကုန်ကျစရိတ်က သိန်း ၂၀၀ ကျော်လောက် ကုန်ကျမှာ ဖြစ်ပါတယ်”ဟု ဒေါက်တာစုစုဒွေးက ရှင်းပြသည်။

ယခု အစားထိုးကုသမှုတွင် ယင်း ကလေးငယ်များ၏ မိခင်များ၏ အသည်းဖြင့် အစားထိုးကုသသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အသည်းကင်ဆာသည် အဖြစ်များကြောင်း ရန်ကုန်ကလေးဆေးရုံကြီးထံမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ တိုကျို အခြေစိုက် Japan Heart လူမှုရေးအဖွဲ့အစည်းတို့ နားလည်မှုစာချွန်လွှာရေးထိုး ၍ မြန်မာနိုင်ငံမှ ၄ နှစ် အရွယ်ကလေးငယ်ကို ဂျပန်သို့ခေါ်ဆောင်ပြီး Kyushu University ဆေးရုံတွင် အခမဲ့ခွဲစိတ် ကုသပေးခဲ့ပြီး ဒုတိယအကြိမ်ကို ရန်ကုန် ကလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသပေးခဲ့ပြီး ယခုကုသမှုသည် တတိယ အကြိမ်ဖြစ်ကြောင်း ရန်ကုန်ကလေး ဆေးရုံကြီးထံမှ သိရသည်။

J-12


  • VIA