News

POST TYPE

NEWS

ကလေးမြို့တွင် ကျပ်သိန်း ၇ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
11-Sep-2019



ကလေး၊ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် တောင်ဖီလာရပ်ကွက်တွင် စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီ ကျော် အချိန်ခန့်က ကျပ်သိန်း ၇ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ကလေးမြို့မရဲစခန်းမှ သိရသည်။

တောင်ဖီလာရပ်ကွက် အမှတ် (၇) နယ်မြေအတွင်း လိုင်မုန်းလမ်းမပေါ် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာမှ ကျပ်သိန်း ၇၃၉၅၀၀၀၀၀ ကျပ် တန်ဖိုးရှိ WY စာတမ်းပါ စိတ်ကြွဆေးပြား ၂၄၆၅၀၀ ပြားကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ကလေးမြို့ မြို့လှရပ်ကွက်နေ ဦးရွှာလ်ဒုသောင် (၄၂) နှစ်သည် မူးယစ်ဆေးဝါးများ ထည့်ထားသည့် အထုပ်နှစ်ထုပ်အား ဆာလာအိပ်အတွင်း ထည့်၍ တရုတ်နိုင်ငံထုတ် ဆိုင်ကယ်ဖြင့် သယ်ဆောင်လာစဉ် ဆာလာအိပ်အတွင်းရှိ အထုပ်ကို ဖွင့်ဖောက်စစ်ဆေးရာမှ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ကလေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းအမှုကို ကလေးမြို့မရဲစခန်းတွင် မူးယစ် (ပ) ၁၂၅/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသည့် ဥပဒေ ပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

R-20