News

POST TYPE

NEWS

ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ရာထူးမှနုတ်ထွက်သည်ဆိုသည့်ကိစ္စ ဗဟိုဘဏ်ဖြေရှင်းမည်မဟုတ်ဟုဆို
04-Sep-2019


ရန်ကုန်၊ စက်တင်ဘာ ၃

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း ရာထူးမှနုတ်ထွက်သည် ဆိုသည့်သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း ဗဟိုဘဏ်ဘက်ကမူ ပြန်လည်ဖြေရှင်းရန် အစီအစဉ် မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဩဂုတ်လ ၂၇ ရက်နေ့က ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် မင်းကင်း မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်၏ Non Performance Loan ပြဿနာများနှင့် ပတ်သက်သည့် နောက်ဆက်တွဲမေးခွန်းကို ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်း၏ ပြန်လည်ဖြေကြားချက်မှာ ဗဟိုဘဏ်သဘောထားနှင့် ကိုက်ညီမှုမရှိကြောင်း ထုတ်ပြန်ချက်ကြောင့် နုတ်ထွက်သွားခြင်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။

အဆိုပါရာထူးမှ နုတ်ထွက်သည့် ကိစ္စနှင့်ပတ်သက်ပြီး The Voice Daily က ဗဟိုဘဏ်ထံ ဆက်သွယ်မေးမြန်းရာ ဗဟိုဘဏ် တာဝန်ရှိသူက “ဆွေးနွေးဖြေ ကြားရန် မရှိပါ။ ဆောရီးပါ” ဟူ၍သာ တုံ့ပြန်သည်။

လက်ရှိဘဏ်များအနေနှင့် စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ချေးငွေ ပြန်လည်ရယူရန် အချိန်ကာလများကို ဗဟိုဘဏ်ညွန်ကြားချက်ဖြင့်သာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များထံမှ သိရသည်။

ဗဟိုဘဏ်က အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး ယခင်က ညွှန်ကြားထားခြင်းမရှိဟု ဖြေကြားခဲ့သော်လည်း ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပြည်သူ့ပိုက်ဆံများဖြစ်သောကြောင့် ဘဏ်များက လုပ်ငန်းရှင်များကို ပြန်လည်စောင့်ဆိုင်းမည်မဟုတ်ဟု ဖြေကြားခဲ့ပြီး စက်တင်ဘာလ ၂ ရက်နေ့တွင် ဗဟိုဘဏ်က ဘဏ်များနှင့် လုပ်ငန်းရှင်များအကြား ပြန်လည်ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည့်ဖြိုးမြင့်မွန်
ဆက်စပ်သတင်းများ ဖတ်ရှုရန်






  • VIA