News

POST TYPE

NEWS

ကောလင်းတွင် ညောင်ပင်ကိုင်းကျိုးကျရာမှ တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ
25-Aug-2019

ကလေး၊ သြဂုတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ခံသာကျေးရွာဈေးတွင် ယနေ့ နံနက် ၆ နာရီက ညောင်ပင်ကိုင်းကျိုးကျရာမှ သစ်ကိုင်းပိပြီး လူတစ်ဦးသေဆုံး လူ၅ ဦး ဒဏ်ရာရမှုဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားရာသို့ သွားရောက်ခဲ့သည့် ဦးနေမျိုးဝင်းက ပြောသည်။

ခံသာဈေး အတွင်းရှိ နှစ်တစ်ရာကျော် သက်တမ်းရှိ ညောင်ပင်ကိုင်းကျိုးကျမှုကြောင့် အောက်တွင်ရှိနေသည့် ဈေးဆိုင်တန်းမှ အသက် ၅၆ နှစ်အရွယ် ဒေါ်ချိုဦး သစ်ကိုင်းပိသေဆုံးခဲ့ပြီး ကျန်အမျိုးသားတစ်ဦးနှင့် အမျိုးသမီး (၅) ဦးမှာဒဏ်ရာများရရှိခဲ့သဖြင့် ခန်သာတိုက်နယ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည်။

"လေပြင်းရယ်လို့တော့ တိုက်တာမဟုတ်ဘူး။ မိုးလဲရွာတယ် လေတော့ နည်းနည်းပါတယ်လို့ ပြောလို့ရတယ်။ အပင်ကလဲ နှစ်ရာကျော် သက်တမ်းဖြစ်နေတော့ ကိုင်းကျိုးကျတာ။ သေဆုံးသူကိုတော့ ရင်ခွဲရုံ ပို့ထားပြီးပြီ"ဟု ဦးနေမျိုးဝင်းက ဆိုသည်။

R-20