News

POST TYPE

NEWS

အမြန်လမ်း ၉၁ မိုင်တွင် Alphard ယာဉ် မီးလောင်
23-Aug-2019



ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့

တောင်ငူ၊ သြဂုတ်၂၃

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၉၁ အနီးတွင် ယနေ့ နံနက် ၄ နာရီခန့်က Alphard ယာဉ်တစ်စီး မီးလာင်ပျက်စီးခဲ့သည်ဟု အမြန်လမ်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

“ယာဉ်မောင်းက တိမ်းရှောင်သွားတယ်။ ယာဉ်က လမ်းဘေးမြေသားလမ်းပေါ်မှာ မီးလောင်နေတာဖြစ်ပြီး မြို့ချောင်းမီးသတ်စခန်းနဲ့ အမြန်လမ်းရဲတပ်ဖွဲ့ဝင်တွေနဲ့ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရပါတယ်”ဟု မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါမော်တော်ယာဉ်သည် ရန်ကုန်မြို့ မှ နေပြည်တော်သို့ မောင်းနင်လာစဉ် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ယာဉ်မောင်းနှင်သူပျောက်ဆုံးနေပြီး လူနှင့်ကုန်ပစ္စည်း ပျက်စီးဆုံးရှုံးမှုမရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါယာဉ်မီးလောင်မှုနှင့် ပတ်သက်ပြီး ယာဉ်မောင်းနှင်သူ (စုံစမ်းဆဲ) ကို မြို့ချောင်းအမြန်လမ်းရဲစခန်းက (ပ) ၇၃/၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅/၂၀၂ ဖြင့်အမှုဖွင့်လှစ်ထားသည်ဟု အဆိုပါရဲစခန်းမှသိရသည်။

R-15