News

POST TYPE

NEWS

လမ်းပေါ်ပြုတ်ကျသည့် ခြောက်လုံးပြူးသေနတ်ကို ကောက်ယူပြေးသူ လေးဦးအား အမှုဖွင့်
22-Aug-2019

ရန်ကုန်၊ သြဂုတ် ၂၂

မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အောင်သပြေစစ်ကြောရေးအနီးတွင် သြဂုတ် ၂၂ ရက် နံနက် ၃ နာရီက ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ခါးကြားတွင်ထိုးထားသည့် ခြောက်လုံးပြူးသေနတ်မှာ လမ်းပေါ်ပြုတ်ကျစဉ် အမျိုးသား လေးဦးက ကောက်ယူထွက်ပြေးခဲ့သောကြောင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေနတ်ပြုတ်ကျသူမှာ မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကျိုက်ဝိုင်းဘုရားလမ်းအတိုင်း လမ်းလျှောက်လာစဉ် ၎င်း၏ ခါးကြားတွင် ထိုးထားသော ခြောက်လုံးပြူးသေနတ်မှာ လမ်းပေါ်ပြုတ်ကျသွားစဉ် အနောက်တွင် ပါလာသည့် အမျိုးသားလေးဦးက ယင်းသေနတ်ကို ကောက်ယူ၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

သေနတ်ကောက်ယူပြေးသည့် အမျိုးသားလေးဦးကို ပိတ်ဆို့ရှာဖွေခဲ့ရာ နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့ပြီး မရမ်းကုန်းမြို့မ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၃၃ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03