News

POST TYPE

NEWS

ဂုတ်တွင်းတံတား ယာယီဘေလီတံတားတည်ဆောက်ပြီးစီး၍ ယာဉ်များကို စတင်ဖြတ်သန်းခွင့်ပေး
20-Aug-2019

ဓာတ်ပုံ- ဆောက်လုပ်ရေးဝန်ကြီးဌာန

မန္တလေး၊ ဩဂုတ် ၂၀

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ်၊ ဂုတ်တွင်းတံတားတွင် ယာယီဘေလီတံတားထိုးမှုပြီးစီးခဲ့သဖြင့် ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲတစ်နာရီခွဲခန့်မှစတင်၍ အိမ်စီးကားများနှင့် ကုန်ကားအလတ်များကို စတင်ဖြတ်သန်းခွင့်ပြုနေပြီဖြစ်သည်။


ဓာတ်ပုံ- ဆောက်လုပ်ရေးဝန်ကြီးဌာန

ပြီးခဲ့သည့်သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ်တပ်များက ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်တို့အတွင်းရှိ နေရာငါးခုကို တစ်ချိန်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့တိုက်ခိုက်ရာတွင် ဂုတ်တွင်းတံတားထိပ်မှ ရဲကင်းစခန်းကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့သည့်အပြင် တံတားကိုပါ မိုင်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။


ဓာတ်ပုံ- ဆောက်လုပ်ရေးဝန်ကြီးဌာန

ဖျက်ဆီးပြီးနောက်နေ့တွင်ပင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ယာယီဘေလီတံတားတည်ဆောက်ခြင်းကိုလုပ်ဆောင်ခဲ့ရာ ငါးရက်မြောက်နေ့တွင် ယခုကဲ့သို့စတင်ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အိမ်စီးကားများနှင့် ယာဉ်ငယ်များကို ဖြတ်သန်းခွင့်ပြုနေပြီဖြစ်သော်လည်း ကုန်တင်ကားကြီးများမှာ နောင်ချိုမြို့အတွင်း စောင့်ဆိုင်နေရသေးသည်ကို တွေ့ရပြီး ယာဉ်စီးရေစုစုပေါင်း ရာချီရှိနေသေးသည်။

M-04






  • VIA