News

POST TYPE

NEWS

နှစ်၂၀ နီးပါး ကရင်အချင်းချင်းတိုက်ခိုက်ကြသည့် အဖြစ်မျိုး ပြန်အဖြစ်မခံဟု ဗိုလ်မှူးကြီး စောချစ်သူဆို
20-Aug-2019


မြဝတီ၊ သြဂုတ် ၂၀

နှစ်ပေါင်း၂၀နီးပါး ကရင်တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းတိုက်ခိုက်ကြသည့် အဖြစ်မျိုး အဖြစ်ခံမည်မဟုတ်ကြောင်း နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက ပြောကြားသည်။

အဆိုပါအကြောင်းအရာကို ရွှေကုက္ကိုမြိုင်တွင် ယနေ့ကျင်းပပြုလုပ်သော နယ်ခြားစောင့်တပ် ၉ နှစ်မြောက် အခမ်းအနားတွင် ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

“ကျွန်တော်တို့ မိခင်တပ်ရင်း ကေအမ်ယူကို သစ္စာဖောက်ခဲ့တယ်။ ဒါပေမယ့်ပြည်သူလူထုကို သစ္စာမဖောက်ဘူး”ဟု ၎င်းက ဆိုသည်။

ကေအမ်ယူက ခွထွက်ကာ ဒီကေဘီအေအဖြစ် ဖွဲ့စည်းခဲ့သည့်ကာလတွင် ကရင်အချင်းချင်းတိုက်ခိုက်ကာ ကရင်စစ်သည်များကျဆုံးခဲ့ရကြောင်း ၎င်းက ပြောကြားသည်။

ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်သော ဒီကေဘီအေ လက်နက်ကိုင်အဖွဲ့သည် ၂၀၁၁တွင် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) အဖြစ် ပြောင်းလဲခဲ့ပြီး လက်ရှိတွင် တရုတ်နှင့် ပူးပေါင်းကာ ရွှေကုက္ကိုမြို့သစ်စီမံကိန်းကို တည်ဆောက်နေသည်။




  • VIA