News

POST TYPE

NEWS

ဟောင်ကောင်ကျွန်းနားတွင် တရုတ်စစ်တပ် စစ်ရေးလာရောက် လေ့ကျင့်
15-Aug-2019


ဟောင်ကောင်၊ သြဂုတ် ၁၅

လူထုအုံကြွမှုများ ဖြစ်နေသော ဟောင်ကောင် ကျွန်းအနီး ရှန်ကျန်ဒေသ အားကစားကွင်း တစ်ခုအတွင်း တရုတ်ပြည်သူ့တပ်မတော်က လက်နက်အပြည့်အစုံဖြင့် ရာပေါင်းများစွာသော စစ်အင်အားဖြင့် စစ်ရေး လေ့ကျင့်ခဲ့သည်။

ဟောင်ကောင်ကျွန်းကို ဝိုင်းလျက် တရုတ်စစ်တပ်များ ချမည်ကို စိုးရိမ်ကြောင်း အမေရိကန်ပြည်ထောင်စုက ပြောကြားခဲ့ပြီးနောက် အဆိုပါ စစ်ရေးလေ့ကျင့်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရအနေဖြင့် ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့ကို ဟောင်ကောင်လမ်းမများပေါ်သို့ ချီတက်စေရန် လိုလားချက်ရှိနေပုံရသည်ဟု ဟောင်ကောင်ရှိ အနောက်အုပ်စုနှင့် အာရှ သံတမန်များက ဆိုသည်။

စစ်ရေးလေ့ကျင့်နေသူ တရုတ်တပ်သားများသည် အားကစားကွင်းကြီးအတွင်းဝယ် ဝီစီသံများ တညံညံဖြင့် ပြေးလွှား စစ်ရေးပြနေကြောင်း ရိုက်တာ သတင်းထောက်တစ်ဦးက ဆိုသည်။

အားကစားကွင်းသည် ဈေးဝယ်စင်တာကြီးတစ်ခုဘေးတွင် ရှိသည့်နေရာဖြစ်ပြီး အများပြည်သူနှင့် ဝေးသည့် နေရာမဟုတ်ပေ။ အားကစားကွင်းကြီးတော့ ပိတ်ကာ စစ်ရေးလေ့ကျင့်လျက်ရှိသည်။

စစ်ရေးလေ့ကျင့်ရာတွင် မီးသတ်ပိုက်များတပ်ထားသည့် ယာဉ်များလည်း ပါဝင်သည်။ 

F-02


  • VIA