News

POST TYPE

NEWS

ယာဉ်တစ်စီးပေါ်မှ စိတ်ကြွဆေးပြား နှစ်သောင်းခန့် တွေ့ရှိ
14-Aug-2019



တောင်ငူ၊ သြဂုတ် ၁၄

တောင်ငူမြို့နယ်၊ အုတ်ကျွတ်တန်းရပ်၊ ကန်စိမ်းနံဘေးအမှိုက်ပုံတွင် သြဂုတ် ၁၄ ရက်၊ နံနက်အစောပိုင်းက လာရပ်ထားသည့် လိုင်စင်မဲ့ယာဉ်ဟု ယူဆရသည့် မတ်တူးယာဉ်တစ်စီးပေါ်မှ စိတ်ကြွဆေးပြား နှစ်သောင်းခန့် တွေ့ရှိခဲ့ကြောင်း တောင်ငူမြို့မရဲစခန်းထံမှ သိရှိရသည်။

အဆိုပါယာဉ်ကို တောင်ငူမြို့မရဲစခန်းတာဝန်ရှိသူများက စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ WY အမှတ်အသားပါ မူးယစ်စိတ်ကြွဆေးပြား ၁၉၇၈၀ ပြား တွေ့ရှိရသဖြင့် တရားခံကို ပိတ်ဆို့ရှာဖွေနေကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မသင်္ကာဖွယ် အဆိုပါယာဉ်သည် သြဂုတ် ၁၄ ရက်အရုဏ်မတက်မီကတည်းက ယင်းနေရာသို့ လာရပ်ထားခြင်းဖြစ်ပြီး ယင်းနေ့ မွန်းလွဲပိုင်းတွင် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးရှာဖွေနေကြောင်း အနီးပတ်ဝန်းကျင် နေအိမ်တစ်အိမ်မှ အမျိုးသားတစ်ဦးက ပြောကြားသည်။

R-15