News

POST TYPE

NEWS

အရေးပေါ်ကယ်ဆယ်ရေးအတွက် ချောက်မီးသတ်တပ်ဖွဲ့ လေ့ကျင့်
14-Aug-2019

ချောက်၊ သြဂုတ် ၁၄

သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးအတွက် လေ့ကျင့်ပြင်ဆင်မှုများကို ချောက်မြို့၊ မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်းကာ စတင်လုပ်ဆောင်နေကြောင်း ယင်းမြို့မီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။

ငလျင်ဘေးအန္တရာယ်နောက်ဆက်တွဲ ရှာဖွေကယ်ဆယ်ရေး၊ ဘေးကင်းလုံခြုံရာသို့ ပို့ဆောင်ရေး၊ ရှေးဦးသူနာပြုစုရေး၊ ပိတ်မိနေသူများကို စနစ်တကျကယ်တင်နိုင်ရေးများကို သြဂုတ်လအတွင်း ဆက်တိုက်လေ့ကျင့်မည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးညွန့်က ရှင်းပြသည်။

အထူးလေ့ကျင့်ရာတွင် BAZ အသက်ရှုကိရိယာအသုံးပြုနည်း၊ ကြိုးချည်နည်းအမျိုးမျိုး၊ ရှာဖွေကယ်ဆယ်ရေးသုံးကိရိယာများ ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုနိုင်ရေး၊ လူနာသယ်ဆောင်နည်းအမျိုးမျိုးနှင့် ထမ်းစင်နှင့်လေ့ကျင့်ခြင်းများ ပါဝင်လေ့ကျင်နေခြင်းဖြစ်ကြောင်း ချောက်မြို့မီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။

R-24