News

POST TYPE

NEWS

တောဆင်ရိုင်းတစ်ကောင် ရေတွင်းပျက်အတွင်းပြုတ်ကျ
14-Aug-2019

ဓာတ်ပုံ - သစ်တောရဲတပ်ဖွဲ့

မင်းလှ၊ သြဂုတ် ၁၄

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စက်တန်ကျေးရွာအနီး အကျယ်ခုနစ်ပေ၊ အနက်ငါးပေခန့်ရှိ ရေတွင်းပျက်အတွင်းသို့ တောဆင်ရိုင်းတစ်ကောင် သြဂုတ် ၁၄ ရက်၊ နံနက် ၆ နာရီခန့်ကပြုတ်ကျနေသဖြင့် ဆယ်ယူခဲ့ရကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။

ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်က “ရာအိမ်မှူးတစ်ယောက်က တောင်ဆင်တစ်ကောင် တွင်းထဲပြုတ်ကျနေလို့ ဆက်သွယ်လာတာနဲ့ သစ်တောအဖွဲ့။ သစ်ထုတ်လုပ်ရေးအဖွဲ့၊ သစ်တောရဲအဖွဲ့တွေနဲ့ တွင်းထဲက ကယ်ပြီး လူတွေနဲ့ဝေးတဲ့ တောင်ခြေအထိ လိုက်မောင်းနေပါတယ်”ဟု ပြောကြားသည်။

တွင်းထဲပြုတ်ကျသည့် တောဆင်ရိုင်းသည် အမြင့် ၆ ပေ၊ အလျား ၇ ပေခန့်ရှိ ဆင်ရိုင်းအမတစ်ကောင်ဖြစ်ပြီး အစာရှာထွက်စဉ် ပြုတ်ကျခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ ယင်းကျေးရွာတစ်ဝိုက်တွင် တောဆင်ရိုင်းများ မကြာခဏဝင်ရောက်တတ်ကြောင်း တောင်ခြေသို့ ဆင်လိုက်မောင်းသည့်အဖွဲ့တွင်ပါဝင်သူ သစ်တောရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

R-19




  • VIA