News

POST TYPE

NEWS

ရွှေစင်ရတနာ ခရီးသည်တင်ကားကို ကုန်တင်ယာဉ်ကဝင်တိုက်မိ၊ နှစ်ဦးသေဆုံး
13-Aug-2019


တောင်ငူ၊ သြဂုတ် ၁၃

အမြန်လမ်းမိုင်တိုင် ၂၉၅ အနီးတွင် သြဂုတ် ၁၃ ရက်၊ နံနက်အစောပိုင်းက ရွှေစင်ရတနာ ခရီးသည်တင်ယာဉ်တစ်စီးကို ကုန်တင်ယာဉ်တစ်စီးက နောက်မှဝင်တိုက်မိရာမှ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့သေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ရွှေစင်ရတနာ ခရီးသည်တင်ယာဉ်သည် မိုင်တိုင် ၂၉၅ အနီးတွင် ဘီးပေါက်သဖြင့်ပြုပြင်ပြီး လမ်းပေါ်သို့ပြန်တက်နေစဉ် နောက်မှ ၆ ဘီး ကုန်တင်ယာဉ်က အရှိန်ဖြင့်ဝင်တိုက်မိ၍ ယာဉ်မောင်းနှင့် နောက်လိုက် (အမည်၊ အသက်စိစစ်ဆဲ) တို့ ယင်းနေရာ၌ပင်သေဆုံးခဲ့ပြီး ခရီးသည်တင်ယာဉ်မှခရီးသည်များ ဒဏ်ရာမရကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အမှုနှင့်ပတ်သက်၍ သေဆုံးခဲ့သည့် ကုန်တင်ယာဉ်မောင်းကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်ထားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့၊ သီးကုန်းနယ်မြေရဲစခန်းထံမှ သိရှိရသည်။

R-15




  • VIA