POST TYPE
NEWS
ရာသီတုပ်ကွေးရောဂါ (H1N1) ကြောင့် ကလေးလူနာနှစ်ဦး သေဆုံး
13-Aug-2019
မန္တလေး၊ ဩဂုတ် ၁၃
ရာသီတုပ်ကွေးရောဂါ (H1N1) သံသယရှိလူနာအဖြစ် မန္တလေးမြို့ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးတွင် တက်ရောက်၍ ဆေးကုသမှု ခံယူနေသည့် ကလေးလူနာနှစ်ဦး သေဆုံးခဲ့ကြောင်း ယင်းဆေးရုံထံမှ သိရသည်။
ဇွန်လ ၁၉ ရက်နေ့မှ ဩဂုတ်လ ပထမပတ်အထိ ရာသီတုပ်ကွေးရောဂါ သံသယရှိကလေးလူနာ ၁၀ ဦးသည် ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး (မန္တလေး) သို့ ရောက်ရှိခဲ့ကြောင်း၊ ၎င်းတို့အနက်မှ ရာသီတုပ်ကွေးရောဂါပိုး (H1N1) ရှိ လူနာ ၅ ဦး ရှိခဲ့ရာမှ ၂ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ခုတင် ၅၅၀ ဆံ့ကလေးဆေးရုံကြီး ( မန္တလေး) ဆေးရုံအုပ်ကြီး ဒေါက်တာသက်ဆွေက ပြောကြားသည်။
သေဆုံးခဲ့သည့်ကလေးငယ်များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်နှင့် ကသာခရိုင်အတွင်းမှဖြစ်ပြီး အသက် ၅ နှစ် အရွယ် ကလေးများဖြစ်ကြောင်း ယင်းဆေးရုံထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၉ ရက်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရာသီတုပ်ကွေးရောဂါ သံသယလူနာ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးသူဦးရေ စုစုပေါင်း ၁၁၈၆ ဦးရှိခဲ့ပြီး ရာသီတုပ်ကွေးရောဂါပိုးတွေ့ရှိသူဦးရေ ၅၀၀ဦးရှိကာ သေဆုံးသူမှာ ၉၂ ဦးရှိကြောင်း ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။
M-05
- SOURCES
- The Voice
-
14-Dec-2019
-
14-Dec-2019
-
14-Dec-2019
-
14-Dec-2019
-
14-Dec-2019
-
13-Dec-2019
-
01-Dec-2019