News

POST TYPE

NEWS

မင်္ဂလာဒုံ ပေါက်ကုန်းရပ်ကွက်ထဲ ဝင်သောင်းကျန်းသည့် မျောက်ခုနှစ်ကောင်မှ တစ်ကောင်ကို ဖမ်းမိ
13-Aug-2019



ရန်ကုန်၊ သြဂုတ် ၁၃

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်ထဲ ဝင်ရောက်သောင်းကျန်းသည့် မျောက်ခုနှစ်ကောင်ထဲမှ တစ်ကောင်ကို ဖမ်းဆီးရမိခဲ့ကြောင်း ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

လူနေရပ်ကွက်ထဲဝင်ရောက်၍ နေအိမ်ရှိ မီတာပုံးများကို ဖျက်ဆီးပြီး လူများကို ရန်ပြုနေသည့် မျောက်ခုနှစ်ကောင်ကို သြဂုတ် ၁၀ ရက်မွန်းလွဲပိုင်းက မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်နေသူများက ဝိုင်းဝန်းဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

အဆိုပါ မျောက်ခုနှစ်ကောင် ဝင်ရောက်လာသောကြောင့် ရပ်ကွက်ထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပြီး နှစ်ရက်အကြာ သြဂုတ် ၁၂ ရက်နေ့တွင် နေအိမ်တစ်အိမ်ရှိ အမိုးမျက်နှာကျက်အတွင်း ဝင်ရောက်ပုန်းခိုနေသော မျောက်တစ်ကောင်ကို ဖမ်းဆီးရမိခဲ့သည်။

“မနေ့က မျောက်တစ်ကောင်ကို ဖမ်းမိခဲ့တယ်။ လှော်ကားသစ်တောထိန်းသိမ်းရေးဌာနက တာဝန်ရှိသူတွေ လာဖမ်းသွားတာ။ မျောက်ခြောက်ကောင်က လွတ်နေသေးတယ်” ဟု ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

S-03