News

POST TYPE

NEWS

တူမဖြစ်သူကို အဓမ္မပြုကျင့်သည့် ဦးလေးအား ဖမ်းဆီး
23-Jul-2019
ရန်ကုန်၊ ဇူလိုင် ၂၃

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းကျေးရွာတွင် တူမဖြစ်သူကို အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသားအား ဇူလိုင် ၂၂ ရက်နေ့က ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးမှာ မိဘအုပ်ထိန်းမှုအောက်တွင်ရှိသောအရွယ်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် နေထိုင်သည့် ၎င်း၏မိဘများထံ ဇူလိုင် ၂၂ ရက်နေ့က ဖုန်းဆက်သွယ်၍ ဦးလေးတော်စပ်သူ၏ အဓမ္မပြုကျင့်မှုကိုခံရကြောင်း တိုင်ကြားခဲ့သည်။

အဓမ္မပြုကျင့်ခဲ့သူ ဇော်မင်းသူ (၃၆) နှစ်မှာ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ၎င်း၏ဇနီး အလုပ်သွားချိန် နေအိမ်တွင် ကျန်ရှိသည့်တူမဖြစ်သူကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆို၍ အဓမ္မပြုကျင့်ခဲ့သောကြောင့် ၎င်းကို ရဲတပ်ဖွဲ့ကဖမ်းဆီးကာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03