News

POST TYPE

NEWS

တွန်းဇံမြို့တွင် အသက် (၉) နှစ် အရွယ် မိန်းကလေး အဓမ္မပြုကျင့်ခံရ
23-Jul-2019

ကလေး၊ ဇူလိုင် ၂၃

ချင်းပြည်နယ် တွန်းဇံမြို့နယ် နတ်ဇံကျေးရွာတွင် အသက် (၉) နှစ်အရွယ် မိန်းကလေး အဓမ္မပြုကျင့်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း တွန်းဇံမြို့မရဲစခန်းမှ သိရသည်။

နတ်ဇံကျေးရွာတွင် နေထိုင်သည့် မိဘနှစ်ဦးသည် ကလေးမြို့သို့ အလုပ်သွားရောက်လုပ်ကိုင်စဉ် အိမ်နီးချင်းထံ အပ်ထားရာ ယင်းနေအိမ်တွင် လာရောက်တည်းခိုနေထိုင်သူက ည ဇူလိုင်လ ၂၂ ရက်နေ့ မနက် ၄ နာရီ အချိန်ခန့်က အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်း၏ ကနဦးစစ်ဆေးချက်များအရ သိရသည်။

မိဘဖြစ်သူတို့က နေအိမ်သို့ ပြန်လာပြီး သမီးဖြစ်သူ အဓမ္မပြုကျင့်ခံရကြောင်း သိရှိသဖြင့် ဇူလိုင်လ ၂၂ ရက်နေ့ ည ၆ နာရီ အချိန်ခန့်က တွန်းဇံမြို့မရဲစခန်းတွင် လာရောက်အမှုဖွင့်ခဲ့ခြင်းဖြစ်သည် ။

ယင်းအဓမ္မပြုကျင့်မှုနှင့် ပတ်သက်ပြီး ကိုဗိုလ်ဝင်း (၂၇) နှစ်ကို တွန်းဇံမြို့မရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးထားပြီး အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

R-20