News

POST TYPE

NEWS

ARSA အဖွဲ့အား ရန်ပုံငွေ ထောက်ပံ့နေသူ လေးဦးကို မလေးရှားတွင် ဖမ်းဆီးရမိ
23-Jul-2019
ရန်ကုန်၊ ဇူလိုင် ၂၂

ရခိုင်ပြည်နယ်ရှိ ARSA အကြမ်းဖက်အဖွဲ့ထံ ရန်ပုံငွေထောက်ပံ့နေသူ လေးဦးကို မလေးရှားနိုင်ငံတွင် ဇူလိုင် ၂၁ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း South China Morning Post သတင်းဌာနက ဖော်ပြခဲ့သည်။

၎င်းတို့အနေနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မွတ်ဆလင် ဒုက္ခသည်များမှ တစ်ဆင့် ARSA လက်နက်ကိုင်များထံ ထောက်ပံ့နေခြင်းဖြစ်ကာ ရင်းဂစ်ရှစ်သောင်း ဖြင့် ဖမ်းဆီးရမိကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

၎င်းတို့အနေနှင့် မလေးရှားနိုင်ငံရှိ ပြည်နယ်များတွင် ငွေကြေးကောက်ခံမှုများ ပြုလုပ်နေသူများဖြစ်ကြပြီး တစ်ဦးမှာ ပြီးခဲ့သည့် ဟိန္ဒူဘုရားကျောင်း တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သူများနှင့် အဆက်အသွယ်ရှိသည်ဟု ယူဆရကြောင်း သတင်းတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံတွင်လည်း ဘင်္ဂါလီဒုက္ခသည် တစ်သိန်းကျော် လက်ခံထားကြောင်း အဆိုပါသတင်းအရ သိရသည်။

ARSA အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အနေနှင့် ပြီးခဲ့သည့် ၂၀၁၇ ဩဂုတ်လ အတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များရှိ ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အစိုးရက အကြမ်းအဖွဲ့ကြေညာကာ တပ်မတော်က အင်အားသုံးနှိမ်နင်းခဲ့ရသည်။

အလားတူ မောင်တောခရိုင်တစ်ခု လုံးကိုလည်း ညမထွက်ရ နယ်မြေအဖြစ် လက်ရှိအချိန်ထိ သတ်မှတ်ထားဆဲလည်းဖြစ်သည်။

J-08



  • VIA