News

POST TYPE

NEWS

အမြန်လမ်းတွင်ယာဉ်တိုက် တစ်ဦးသေ
22-Jul-2019


တောင်ငူ၊ ဇူလိုင်၂၂

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၃၄ အနီးတွင် ယနေ့ နံနက် ၁၁ နာရီခွဲက probox ယာဉ်နှင့် စပါးခွံများတင်ဆောင်လာသည့် လီဖန်းအမျိုးအစားကုန်တင်ယာဉ် တိုက်မိခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှသိရသည်။



“အသက် ၅၀ နီးပါး အမျိုးသမီးကြီးဆုံးသွားတယ်။ သုံးယောက်ထိခိုဏ်ဒဏ်ရာရလို့ တောင်ငူဆေးရုံပို့ပေးခဲ့ပါတယ်”ဟု ERT အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်း (နေပြည်တော်-ရန်ကုန်) ယာဉ်မောင်းဦး တင်ဦးမောင်းနှင်ပြီး ယာဉ်ပေါ်တွင် အမျိုးသမီး၊ အမျိုးသား ငါးဦးလိုက်ပါလာသည့် probox အမျိုးအစား အိမ်စီးယာဉ်သည် အောင်မြင့်ထွန်းမောင်းနှင်သည့် Lifan ယာဉ်ကို ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်မိခြင်းဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

R-15

ဓာတ်ပုံ-အမြန်လမ်းရဲ


  • VIA