News

POST TYPE

NEWS

စစ်တောင်းမြစ်ကမ်းပြိုကျမှု လွှတ်တော်ရန်ပုံငွေဖြင့် ထိန်းသိမ်းလုပ်ဆောင်ရန် တင်ပြ
22-Jul-2019


တောင်ငူ၊ ဇူလှိုင် ၂၂

ပဲခူးတိုင်ဒေသကြီး အုတ်တွင်းမြို့နယ် စစ်တောင်းမြစ်ကမ်းပြိုကျမှုကို ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေဖြင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် တင်ပြထားပြီး လာမည့် ပွင့်လင်းရာသီတွင် လုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိချိုက ပြောကြားသည်။



အုတ်တွင်းမြို့နယ် ဝါးတီးကျေးရွာအနီးတွင် မိုးရာသီနှောင်းပိုင်း မြစ်ကမ်းပါး ပြိုကျနေမှုများကြောင့် လူနေအိမ်ခြေ အချို့ရွှေ့ပြောင်းနေရပြီး အချို့နေအိမ်များမှာ ထပ်မံရွှေ့ပြောင်းရန် မြေပိုမရှိတော့ခြင်းတို့ကြောင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ လတ်တလောလုပ်ဆောင်ရန် လိုအပ်နေသည်။

လတ်တလောတွင် အုတ်တွင်းမြို့နယ် ဝါးတီးကျေးရွာအနီး စစ်တောင်းမြစ်ကမ်းပါး ပြိုကျနေမှုများကြောင့် မြစ်ကမ်းပါးလမ်းမှာလည်း တိုက်စားလာသည့်အတွက် ကျေးရွာအုပ်စုအတွင်းမှ ရွာပေါင်းငါးရွာခန့်ရှိ ကျောင်းသား၊ ကျောင်းသူများသွားလာရေး အဆင်မပြေကြောင်းဒေသခံများက ပြောကြားသည်။

“သုံးပေမပြည့်တော့ ဘယ်နေ့ မြစ်ထဲပြုတ်ကျမလဲဆိုပြီး စိတ်ပူနေရတယ်”ဟု ချောင်းနားဘန့်ဘွေး ကျေးရွာမှ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

ထိုကဲ့သို့ မြစ်ကမ်းပါးလမ်းသွားလာသည်မှာ အဆင်မပြေသည့်အတွက် ရွာလမ်းမကြီးကို ပြင်ဆင်ရန် ပြင်ဆင်နေကြောင်း ဝါးတီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်သောင်းက ပြောကြားသည်။


  • VIA