News

POST TYPE

NEWS

ကားနှင့် ကုန်ရထား တိုက်မိရာမှ လူတစ်ဦးသေဆုံး
21-Jul-2019

Photo - Alin Yaung

ကလေး၊ ဇူလိုင် ၂၁

ခရီးသည် ၇ နှစ်ဦး တင်ဆောင်လာသည့် ကားနှင့် ကုန်တင်ရထား တိုက်မိရာမှ လူတစ်ဦးသေဆုံးမှု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ကန့်ဘလူမြို့မရဲစခန်းမှ သိရသည်။

ကောလင်းမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် DF-1350 အစုန် ကုန်ရထားနှင့် ယာဉ်မောင်း ဦးမင်းမင်း မောင်းနှင်လာသည့် ဟိုက်ဂျက်အမျိုးအစား ယာဉ်အမှတ် (5Q-8837) ယာဉ်တို့သည် ကန့်ဘလူမြို့ အမှတ် (၂) ရပ်ကွက် လျှပ်စစ်ရုံးရှေ့ သံလမ်းဂုံးကျော်ကို ကားမှ ရထားလမ်းဖြတ်ကူးစဉ် တိုက်မိခဲ့ခြင်းဖြစ်သည်။

ကုန်ရထားနှင့် တိုက်ခံရမှုကြောင့် ကားပေါ်ပါ လူ (၇) ဦးအနက် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ပြီး ကျန် (၆) ဦးမှာ ဒဏ်ရာများရရှိခဲ့သဖြင့် ကန့်ဘလူမြို့နယ် ကုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည်။

R-20