News

POST TYPE

NEWS

ကလေးတွင် မိုးခေါ်လွန်ဆွဲပွဲ ကျင်းပ
21-Jul-2019
ကလေး၊ ဇူလိုင် ၂၁ 

နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း ပထမဆုံးအကြိမ် မိုးခေါ်လွန်ဆွဲပွဲကို ကလေးမြို့နယ် ကံကြီးကျေးရွာတွင် ဇူလိုင်လ ၁၈ ရက်မှ စတင်၍ ၃ ရက်ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း ကံကြီးကျေးရွာ အုပ်ချုပ်ရေးမှူးဦးကျော်စွာဝင်းက ပြောသည်။

“ရှေ့အစဉ်အလာအရ မိန်းကလေးနဲ့ ယောင်္ကျာလေး အပြိုင်လွန်ဆွဲကြတာပေါ့ဗျာ။ လွန်ဆွဲကြလို့ မိန်းကလေးတွေက နိုင်သွားတယ်ဆိုရင် မိုးရွာလိမ့်မယ်ဆိုပြီးတော့ မိုးခေါ်ရင်းနဲ့ လွန်ဆွဲကြတာ။ မိုးခေါင်တာက တောင်သူတွေ လယ်ကို စိုက်မရဘူး”ဟု ကံကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စွာဝင်းက ပြောသည်။

ယခုနှစ် နွေရာသီကာလတွင်လည်း ရာသီဥတု ပူပြင်းခြင်းကြောင့် ယခင်နှစ်များတွင် တစ်ကြိမတစ်ခါမှ မကြုံဖူးသည့် ကလေးမြို့ရှိ ရပ်ကွက်အများအပြားရှိ ရေတွင်းများ ခမ်းခြောက်ခြင်း သောက်သုံးရေး ပြတ်လပ်သည့် ပြသနာများနှင့် ပထမဆုံးအကြိမ်ရင်ဆိုင်ခဲ့ရသည်။

R-20




  • VIA