POST TYPE
NEWS
ရှို့မီးကြောင့် ဂျပန်ကာတွန်းရုပ်ရှင်စတူဒီယိုတွင် လူ ၂၃ ဦး အနည်းဆုံး သေဆုံး
18-Jul-2019

ကျိုတို၊ ဇူလိုင် ၁၈
ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ ကာတွန်းရုပ်ရှင် animation စတူဒီယိုတစ်ခု ရှို့မီးဟု သံသယဖြစ်ဖွယ် မီးလောင်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၃ ဦးသေဆုံးသွားခဲ့ရသည်။
ယနေ့ ကြာသာပတေးနေ့ မနက်ခင်းက ကျိုတို ကာတွန်းရုပ်ရှင်စတူဒီယိုအတွင်းသို့ အမျိုးသားတစ်ဦး ဖောက်ထွင်းဝင်သွားခဲ့ကြောင်း ဂျပန်ပြည်တွင်း မီဒီယာများက ရဲသတင်းရင်းမြစ်များကို ကိုးကားပြီး ဖော်ပြထားသည်။
အသက် ၄၁ နှစ်အရွယ် တရားခံဟု ယူဆရသူက မီးမရှို့ခင် ဓာတ်ဆီများ ဖြန်းသွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
တရားခံကို ဖမ်းမိထားပြီး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသေးသည်။
ယခုဖြစ်ရပ်ဟာ စကားလုံးနဲ့ ဖော်ပြလို့မရအောင်ကို ဆိုးရွားလွန်းလှကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားကာ ထိခိုက်ခဲ့ကြသူများကို စာနာမိကြောင်း ပြောကြားသွားသည်။
ဒေသစံတော်ချိန် မနက် ၁၀ နာရီခွဲလောက်က စကာ သုံးထပ်အဆောက်အဦ မီးလောင်နေခဲ့ပြီး၊ ကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်အတော်ကြာသည်အထိ လုပ်ဆောင်နေခဲ့ရသည်။
F-02
- SOURCES
- The Voice
-
06-Dec-2019
-
06-Dec-2019
-
06-Dec-2019
-
05-Dec-2019
-
05-Dec-2019
-
05-Dec-2019
-
01-Dec-2019